16

1.1K 124 14
                                    

( Zawgyi )

-

-

-

ဒုတိယ အကြိမ်. . .
အိပ်မက်မြို့တော်ကို သွားရောက်ဖို့
ခြေလှမ်းမိတာ ဒုတိယအကြိမ်. . .
အဝေးလွန် နှင်လာတဲ့
လမ်းကြောင်းတစ်ခုက  လှပနေတတ်တယ် ။

ဝေဟင်ထက်မယ်
တိမ်တွေ ကင်းစင်လို့နေသည်ပဲ. . .

လုံခြုံရာအပေါ် တစ်စောင်းမှီလို့
မှေးစက်လိုက်လာတယ် ။
မတွယ်တာလို့မှ  မဖြစ်တဲ့ နားခိုရာတွေ. . .
မထိတွေ့ရ မနေနိုင်သည်အထိ
ပြုစားခံလိုက်ရတဲ့ လက်ဖျားကလေးတွေ. . .
မရှုရှိုက်ရလို့ မဖြစ်နိုင်တော့တဲ့
ရင်ခွင်ရနံ့တွေ. . .

ဘယ်သူမှ မရှိတဲ့ ကမ္ဘာထဲ
လိပ်ပြာကလေးတွေ ပျံနေကြ၏။

နှင်းဆီနက်ရဲ့ အတုယောင်ပြင်းရှခြင်းများ
တစ်ဖန် စိုးမိုးလို့လာတယ် ။
ခေါ်သံမဲ့တဲ့ အိမ်မှ ပိတ်ထားဆဲ တံခါးလေး. . .
စီးသူမဲ့သော ဒါန်းမှ လေယိမ်းရာ ယိုင်လို့ . . .
တီးသူမဲ့တဲ့ တယောသံတွေ. . .
မှောင်မှောင်မည်းမည်းတောအုပ်ထဲက
ချိုလွင်စွာ ထွက်ပေါ်လာတယ် ။

သူဖန်တီးတဲ့ သုညဇာတ်ကောင်လေး
တစ်သိမ့်သိမ့် ငိုနေခဲ့တယ် ။

" ဟင့်အင်း  ခဗျား မငိုနဲ့. . "

သူ့နှုတ်မှ သတိလက်လွတ်
အော်ပြောလိုက်တယ် ။
မငိုစေလိုတဲ့ နင့်နဲခြင်းများဟာ
အချစ်နှင့် ရောပြွန်းစဉ်၌
နာကျင်မှုအသွင်သို့ ကူးလူးကြ၏။
ဇာတ်ကောင်လေး မငိုစေဖို့ရာ. .
ဖန်တီးရာလေ မဆုတ်နစ်ဖို့ရာ. . .

" JungKook. . . ဘာဖြစ်တာလည်း
  JungKook. . . "

သူ့မျက်လုံးတွေ ဖွင့်လိုက်သည် ။
ပြတင်းမှထိုးသော နေရောင်ခြည်နုနုသည်
အကာကွယ်ပြည့်နေသော
မျက်နှာတစ်ခုပေါ် တစ်စွန်းတစ်စ ကျသည်။
ကြာကြာစိုက်ကြည့်မိတဲ့နောက်မှာ
လက်ဖဝါးလေးနှစ်ဖက်
မျက်နှာရှေ့ ရမ်းလာလေ၏။

သူ ဖမ်းဆုပ်လိုက်သည် ။

" ကိုယ့်. . . .ကိုယ့် အတွေးထဲမှာ
  သူ. . သူ ငိုနေတယ် "

တိမ်ပြင်တွေဟာ
အနောက်မှာ တဖြည်းဖြည်းကျန်ခဲ့၍
လေယာဉ်ဟာ ပျံသန်းနေဆဲပေ. . ။
အေးစက်စက်ဆောင်းရဲ့
နေ့ဦးစ ထွက်သော ရောင်ခြည်သည်
ဆုပ်ထားမိတဲ့
လက်ကလေးတွေလောက်တော့ မနွေး. . .

HELLO_Darling ( Completed ) Waar verhalen tot leven komen. Ontdek het nu