( Zawgyi )
-
-
-
တိမ်တွေကို ကျတော် မကြည်ဖြူဘူး. . .
ကျတော်တို့ မရောက်ရှိနိုင်တဲ့
ဟိုးအမြင့်ဆုံးမှာ
သူတို့ပြုံးနေနိုင်ကြတာ. . .မကြည်ဖြူနိုင်တဲ့ တိမ်ကလေးတွေကိုတော့
ဖမ်းဆုပ်ချင်မိတယ် ။
ဒါပေမယ့် ထိုအရာတွေဟာ
ထိတွေ့လို့မရနိုင်သော ငွေ့ရည်ဖွဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ဆိုတာကလွဲရင်
ယုတ္တိရှိပါတယ် ။Maple တွေကို မနင်းချေရက်ဘူး. . .
ခက်ခက်ခဲခဲ ငိုကြွေးပြီးမှ
ကြွေကျခဲ့ကြရတဲ့
လှပဖွယ် ပင်စည်ညိုတွေမှာလည်း
အသုံးချခံ . . . ခံစားချက်တွေနဲ့. . .တစ်ရံခါက
မိုးစက်တွေ ကျလာဖူးတဲ့အခိုက်တန့်ကို
ထီးတစ်လက်နဲ့ မကာကွယ်ခဲ့ဘူး. . .။
လူနှစ်ယောက်အတွက်
သည်းထန်နေတဲ့ မိုးရေတွေကို
ထီးတစ်ချောင်းနဲ့သာ ဖုံးကွယ်ပါရင်
လုံခြုံနိုင်မယ်လို့ ထင်လား ?ပန်းကလေး လှတယ်ဆိုတိုင်း
မနမ်းရှိုက်မိစေနဲ့. . .
လှလှပပနဲ့ အဆိပ်သင့်တဲ့
ပန်းပင်တွေဟာ ပြုစားပြီဆို
နောက်ပြန်လှည့်ခွင့် ပေးမယ် မထင်ဘူး. .. .လှေကားထစ်တွေ
သေးငယ်နိမ့်ဆင်းတယ် ဆိုတိုင်း
ကျော်လွှား မတက်မိစေနဲ့. . .
အောက်ခြေကို စိုက်စိုက်မြိုက်မြိုက်
မပြုတ်ကျဖို့ရာ တစ်ဆင့်ချင်း
စိတ်ရှည်စွာ တက်ဖို့ လိုအပ်တယ် ။အဝေးကြီးကို ပြေးရတာ
မမောပန်းဘူးလား. . .
မဆုံးနိုင်တဲ့ အတောမသတ်ခြင်း
ခရီးရှည်တွေက ဆိုတယ် ။
မိုင်တွေ ထောင်ချီနေပြီ. . .
ခြေလှမ်းတွေ လရာချီလို့. . .ကမ်းထားတဲ့ လက်ကို လှမ်းဆွဲလိုက်ရင်
ခရီးဆုံးနိုင်ပေမယ့်. . .
ကြိုဆိုနေတဲ့ ရင်ခွင်ထဲကို
ခြုံဝင်လိုက်ရင်
ခြေလှမ်းတွေ နိဂုံးချုပ်သွားနိုင်ပေမယ့်လို့. . .မမြင်နိုင်ကြတဲ့
တံတိုင်းတစ်ခုရှိနေတယ် ။ထိုအရာက အကြည်ရောင်မှန်တွေနဲ့
ကာရံထားခဲ့တယ် ။ဆွေးတမြည့်မြည့်နဲ့ အလွမ်းရာသီကို ခုခံဖို့
ခပ်နွေးနွေးအနမ်းတွေ မလိုအပ်ဘူး. . ။
ပြိုဆင်းလာဆဲ လွမ်းဖျားလွမ်းနာတွေကို
ကုသဖို့အရေး. . . အဝေးကြီးကနေ
အချင်းချင်း တစ်သမတ်တည်းကြည့်နေရုံနဲ့
လုံလောက်တယ် ။

YOU ARE READING
HELLO_Darling ( Completed )
Romance( Zawgyi ) Hi Darling. . . အကယ်၍ နောက်တစ်ယောက်ကို ထပ်ချစ်မိသွားမယ်ဆိုရင်တောင်မှ မင်းကို ချစ်ခဲ့တုန်းကလို စိတ်မျိုးနဲ့ ဘယ်တော့မှ ထပ်ချစ်နိုင်တော့မှာမဟုတ်ဘူး နောက်တစ်ယောက်သာ ရှိလာရင် ရှိလာမယ် မင်းနေရာမှာတော့ ဘယ်အရာကိုမှ. . . ဘယ်လိုမှ အစားထို...