15

1K 115 5
                                    

( Zawgyi )

-

-

-

ထာဝရရဲ့ မနီးမဝေး. . .
အထိတ်တလန့်တွေနဲ့
လုံးပန်းနေ့ညတွေက
တောက်ပစွာ ဆေးချယ်ကြသည် ။
သံစဉ်များ ရပ်တန့်တုံ့ဆိုင်းသွား၏။ 

ချစ်သူ သီသော စာလုံးတွေနဲ့ . . .
ရေမှာမြူးသော ငွေငါးငယ်တို့
လူးလွန့်ကြသည်ဟူ၍. . .
ခြံခတ်ဝါးတန်းလေး၏ လှို့ဝှက်ရာသည်
ဦးနှောက်ထဲ တစ်ရိပ်ရိပ်. . .
မြင်ရရဲ့သားနဲ့ မမြင်နိုင်ခြင်းဟာ
အချစ်၏ ဝဋ်ကြွေးတွေပင် ဖြစ်စေတော့. . .

အမည်မခံ ဖြတ်ပြေးလာတဲ့
မျှားကလေးကို ဖမ်းဆုပ်မိရင်. . .
နစ်စိုက်ခြင်းမဲ့စွာ
လမ်းတစ်ဝက်မှာ ခရီးဆုံးရှာ၏။
အိပ်တစ်ဝက် နိုးတစ်ဝက် ညတွေကြားမှ
တစ်စွန်းတစ်စ လှုပ်နှိုးတတ်တဲ့
ခေါ်ဆောင်သံ တီတာ ကလေးတွေ. . .

နောက်တစ်ခေါက်
ထပ်ချစ်ကြည့်ရအောင်လား. . .

အချင်းချင်းအခွင့်အရေးပေးပြီး
အနာဂတ်ကို ချယ်သလိုက်ရင်. . .

အသစ်က ပြန်စကြလို့
အကြိမ်ကြိမ် ပြန်ချစ်ကြမယ် ဆိုပါစို့. . .

အနှောင်အဖွဲ့တွေကိုသာ
ခတ္တခဏ မေ့ပျောက်ဖြတ်တောက်ကြေးဆို. . . .

" ခဗျားက ကျတော့်မျှော်လင့်ချက်ကလေး
  ဖြစ်ခဲ့ဖူးတယ် "

အရောင်ရင့်ရင့် အနမ်းများအဖြစ်
ဆက်လက် မစိုက်ပျိုးမှီ
နာရီ ပျိုးခင်းကို
အဆုံးသတ်လိုက်ကြသည် ။
တိုးကပ်စွာပြောလာတဲ့စကားသံတွေကို
သူ ဦးစွာ စဉ်းစားလိုက်တယ် ။

တိမ်မြုပ်နေသော
ခေါင်းလောင်းသံလေးတွေမှ
ပိုးပြာရောင် ပုတုန်းတွေအဖြစ်
အသွင်းပြောင်းကာ  နား,နား ပျံသန်း၏။
မျက်လုံးပေါ်မှ အဝတ်ကို
ထိယူ ဖယ်ရှားဖို့ ကြိုးစားမိသည် ။

" မကြည့်ပါနဲ့
  ကျတော့်ကို မကြည့်နဲ့ "

တားမြစ်သံကို လိုက်နာလို့
ရပ်တန့်မိလိုက်သည့် လက်များဟာ
နာခံခြင်းဘက်
ရောက်ကောင်းရောက်လိမ့်မည် ။
ရုန်းလျှင်ရပါရက်. .
အားချင်းယှဉ်လျှင်တောင်
သူ သာနေပါရက်နဲ့. . .
အတင်းရုန်းထွက်ကာ
ဆွဲဖယ်ပစ်လိုက်လို့ ရခဲ့ပါရက်နဲ့. . .

HELLO_Darling ( Completed ) Hikayelerin yaşadığı yer. Şimdi keşfedin