( Zawgyi )
-
-
-
အတွေးလှိုင်းတွေထဲ
နစ်မြုပ်ကွယ်ဆုံးသည်မှ
စိတ်ပူပန်စရာ တစ်မျိုးစီနဲ့ပင်. . .
ရောင်စုံ မော်တော်တွေကြားမှ
ခြောက်ခြားမှုသဲ့သဲ့ တိုးလာတယ် ။အဖြူရောင်ပြတင်းလေး၏
အပြင်ဘက်မယ် လှုပ်ရှားနေကြသည့်
သွားလာရေးယာဉ်တွေ ရှိသည် ။
ရေတွေ၏ တစ်ဖက်ခြမ်းသို့
လှမ်းကာကြည့်ရှု့မိရင်
လိမ္မော်ရောင် ဖရုံတန်းကြီးကို
ထူးခြားစွာ မြင်တွေ့ရလိမ့်မည် ။အရာရာဟာ လှပနေ၏။
ကိုယ်ဟာ မင်းနှင့်အတူ. . .
မင်းဟာ ကိုယ်နှင့်အတူဆိုတဲ့
စိတ်ကလေးတစ်ခုနဲ့တင်
ရဲရင့်ပစ်လိုက်ဖို့ထိ
လုံလောက်ခဲ့လေသည် ။ကြယ်ခေါက်နေသူလေး၏
ပခုံးပေါ်သို့ အနောက်မှနေကာ
မေးစေ့တင်လိုက်သည် ။
ခါးတို့အား ခပ်ဖျော့ဖျော့ ပွေ့ဖက်ရင်း
နှာခေါင်းကို လည်ပင်းဆီနစ်မြုပ်စေ၏။သတိတရ ရှိခဲ့တဲ့ ရနံ့ဟာ
ဒီလူသားဆ်ီမှဟု သိရသည့်အခိုက်. . .
အကြိမ်ကြိမ် ချစ်ခဲ့တာဟာလည်း
ဒီလူသားတစ်ယောက်တည်းကိုပါဟု
အဖြေပေါ်လာသည့်အခိုက်. . .
သေရာပါအောင်စွဲနေခဲ့တဲ့
သံစဉ်ဟာလည်း ဒီလူသား နှုတ်ဖျားမှဟု
ရှင်းလင်းသွားသည့်အခိုက်. . .အခါခါ မြတ်နိုးပစ်လိုက်ဖို့
သူ ဝန်လေးတော့မည် မဟုတ်ပါ ။" Jung Kook. . .ပျင်းနေပြီလား "
တစ်စောင်းလှည့်ကာ ပြောလာတယ် ။
ဘဝပေးဆုတောင်းကောင်းမှုက
ဘယ်အချိန်မျိုးမှာဖြစ်ဖြစ်
ဒီကောင်လေးဟာ မွှေးကြိုင်နေတတ်ခြင်း. . .
ထွက်လေ၏ ရနံ့လေးကို
မငြိုငြင်ရက်တဲ့ အထိ
ရှေ့ပြေးကုသိုလ် ထူးသည် ။" မဟုတ်ပါဘူး
မင်းတစ်ယောက်လုံးရှိနေတာ
ကိုယ် ပျင်းပါ့မလားကွာ "" အရင်ကကျ နှင်ထုတ်ပြီး
အခုကျတော့လည်း
နှစ်ထောင် ချစ်သူတွေလိုလိုနဲ့
ခဗျားကြီးဘဲ
အမျိုးမျိုးတတ်နိုင်လွန်းတယ် "" အာကွာ ချစ်သူတွေဘဲဟာကို. . .
လူချင်းသာ အခုမှဆုံရပေမယ့်
ကိုယ်မင်းကို အကြာကြီးချစ်ခဲ့ပြီးပြီလေ
မလုံလောက်သေးဘူးလား "

YOU ARE READING
HELLO_Darling ( Completed )
Romance( Zawgyi ) Hi Darling. . . အကယ်၍ နောက်တစ်ယောက်ကို ထပ်ချစ်မိသွားမယ်ဆိုရင်တောင်မှ မင်းကို ချစ်ခဲ့တုန်းကလို စိတ်မျိုးနဲ့ ဘယ်တော့မှ ထပ်ချစ်နိုင်တော့မှာမဟုတ်ဘူး နောက်တစ်ယောက်သာ ရှိလာရင် ရှိလာမယ် မင်းနေရာမှာတော့ ဘယ်အရာကိုမှ. . . ဘယ်လိုမှ အစားထို...