3

1.7K 189 11
                                    

( Zawgyi )

-
-
-

ခုနှစ်စင်ကြယ်ကို
ခဗျား မြင်ရလား . . ?
တစ်ဦးတစ်ယောက်မှ အသိမှတ် မပြုကြပေမယ့်
သူတို့ ဟိုးအမြင့်ဆုံးမှာ
ရပ်တည်နေနိုင်ကြတယ်. . ။

ငေးကြည့်နေရတဲ့ အခိုက်တန့်တွေက
မရနိုင်မှန်းသိတဲ့ အရာတွေဆို
သိပ်သိပ်လှတာ . . ။
သူတို့က ကျတော်တို့ သွားလေရာတိုင်း
လိုက်ကာ တောက်ပပေးတဲ့ နှစ်သိမ့်မှုကလွဲပြီး
လူသားတွေဆိုတာ ကြယ်တွေဆီက
ဘာအခွင့်ရေးမှ ထပ်မရနိုင်ခဲ့ကြဘူး. . .။

ခဗျားတစ်ယောက်တည်းလို့ ခံစားရတဲ့အခါ
ကျတော့် နာမည်ကို ခေါ်လိုက်ပါ.. . ။
အရာရာအာလုံး ခဗျားကို ထားခဲ့ကြပြီလို့
ထင်လာတဲ့အခါ
မြေပြင်ပေါ်က ခဗျားအရိပ်ကို ပြုံးပြလိုက်ပါ. . .

သူက ကျတော်နဲ့တူတဲ့
ခဗျားသွားရာ လိုက်လာပေးမယ့်
ခုနှစ်စင် ကြယ် ဘဲလေ. . ။
ခဗျားအထီးကျန်လာတဲ့အခါ . .
ကောင်းကင်မှာ ကြယ်တွေရှိတယ်. . .
မြေပြင်မှာ အရိပ်ရှိတယ် ။

အနီးဆုံးမှာတော့ ကျတော် ရှိစေရပါမယ် ။

" အဲ့တာ ဘယ်သွားမလို့လုပ်နေတာလည်း
Kim Tae Hyung "

" ရောက်လာပြန်ပြီလား "

" အာဗျာ Arjushiက စိမ်းကားလိုက်တာ
ခဗျားအိမ်ကိုလာဖို့လေ
ကျတော် မှောင်မှောင်မည်းမည်းနဲ့
စက်ဘီးနင်းရတာ ကြာရင် ခြေတိုမှာဘဲ
ဘာစားပြီးပြီလည်း
အချို မုန့်တွေ ယူလာတယ် "

ပြောပြောဆိုဆိုနဲ့
ကိုယ့်အိမ် ကိုယ့်ယာအတိုင်း
Arjushi ၏ ခါးမှာချိတ်ထားတဲ့
သော့ကိုဖြုတ်ကာ
သော့ခတ်ပြီးနေပြီဖြစ်တဲ့ တံခါးကို
ပြန်ဖွင့်လိုက်သည်။

chocopie မုန့် နှစ်ဗူးနှင့်
cheese cracker နှစ်ဗူး ယူလာမိ၏။
ညစာရော စားပါရဲ့လား. . .
စောင့်ကြည့်နေပါသည်ဟု ယူဆနိုင်ပေမယ့်
လှုပ်စိ လှုပ်စိနှင့် ဦးလေးကြီးဟာ
ပထမဆုံး တွေ့ဆုံစဉ်ကထက်
ပို ပိန်လိုက်တာ ဆိုတာလေ. . .

" အိမ်ထဲ မလာဘူးလား Kim Tae Hyung "

" သူများအိမ်ထဲ ပိုင်စိုးပိုင်နင်းနဲ့နော်
တရားစွဲရမှာလား "

HELLO_Darling ( Completed ) Where stories live. Discover now