9

851 117 4
                                    

( Zawgyi )

-

-

-

December 00 , 0000 thousand of year
00 : 00    o' clock . . . .,

ကျတော်တို့ ဝေးကြည့်ပြီးပြီ. . .။
အနေမနီးတော့တဲ့
ရင်ခုန်သံတွေ သူစိမ်းဆန်သွားစေဖို့
ကျတော် ပြေးထွက်ကြည့်ပြီးပြီ. . .
ဆောင်းအဝင်စမှာ
နွေးနွေးထွေးထွေး ဝေးမိကြတယ် ။

ဆောင်းအလယ်ထိ
မနေတတ်ခဲ့ဘူး. . .
ခြေမျက်စိတွေ နစ်မြုပ်အောင်ထိ
နှင်းတွေ ဖော်ဆောင်ကြလုပြီ. . .။
ဆောင်းသမင်တွေ ဆောင်းဝက်ဝံတွေနဲ့
ချစ်ခြင်းမဲ့ နယ်မြေထဲ အထီးကျန်ခဲ့ပြီးပြီဘဲ. . . ။

တော်သင့်ပြီလား. . ?
နေတတ်ဖို့ ကြိုးစားတယ်
နေ့နေ့ညည  ဒီရင်ဘတ်ထဲ
အလွမ်းတွေ ဖောသီလို့. . .
ဆောင်းဆိုတဲ့ ဝေါဟာရသာမရှိရင်
လိုအပ်မယ့် ရင်ခွင်ဆိုတာလဲ ရှိမလာနိုင်ဘူး. . .

နှင်းတွေ မကျခဲ့ရင်တော့
ခရစ်စမတ်ရဲ့ သံစဉ်ချိုတွေ
မကြားနိုင်တော့ဘူး. . .
ထီးတစ်ချောင်းကျိုးမှာ
နှတမြောတသသဖြစ်လို့
မုန်းတိုင်းတွေကို မကာကွယ်ဖြစ်ခဲ့ရင်
ထင်းရှုးပင်လေးတွေ ယိုင်လဲသွားကြမယ် ။

ကော်ဖီ ပူပူတစ်ခွက်နှင့်
ပြတင်းပေါက်တစ်ခု က
အထီးကျန်ခဲ့သူအဖို့
အဓိကကျသော လိုရာပင်. . .
ပြတင်းမှန်သို့ ရိုက်ခတ်သည့် နှင်းတို့သည်
အငွေ့လှုံ  ဝေဝါးနေသည့်ကြားက
သတ္တိရှိစွာ စီးကျလာသည် ။

" မနေတတ်ဘူး
  ကျတော် တကယ် မနေတတ်တော့ဘူး "

နှင်းလမ်းကြားထဲ
စကိတ်စီးသူများနှင့်
စီးလျော စီးနေကြသူများရှိသည် ။
ထူထပ်စွာ ကျသည့် အမှုန်ဖွားများသည်
မြေပြင်၏ အညိုရောင်ကာလာ ဖုံးသည်အထိ
ထူပြော များပြားလှ၏။

နွေးစပြု ကော်ဖီ တစ်ခွက်ကို
တစ်စိမ့်စိမ့် မော့သောက်လိုက်သည် ။
အချိန်နာရီပြည့် စိတ်နှစ်ထားသည့်
အလုပ်တစ်ခုသည်
အဆုံးသတ်သို့ ရောက်ခါနီးလုပြီ. . .
မကြာမီ ခဗျားဆိုတာလည်း
ပြီးဆုံးသွားတော့မည် ။

နေနိုင်မလား ကြည့်တယ် ။
သွားမတွေ့ ၊  တစ်ချက်မှလှည့်မကြည့်ဘဲ
ဘာသိဘာသာ နေမိခဲ့တယ် ။
လတွေရက်တွေသာ
ပြေးလွှားကုန်လွန်သွားတယ် ။
မနေ့တစ်နေ့က ဖြစ်ရပ်များဟု
ထင်မှတ်စေသည့် သဘောတရားတို့
လောလတ်စွာ ငြိတွယ်၍. . .

HELLO_Darling ( Completed ) Where stories live. Discover now