2

2.5K 222 9
                                    

( Zawgyi )




အနုစိတ်ကျသည့် စိတ်ဖြင့်
အသစ်တစ်ခု ဆောက်လုပ်မိပြန်၏။
တောင်ကုန်း တောင်မို့တွေပေါ်မှာ
ရှိနေသည့် အိမ်ကလေးမို့
နိမ့်ရာသို့ များစွာ မြင်နိုင်သည်။

လမ်းတွေဟာ စိမ်းစိမ်း. . .
လူတွေလည်း ခပ်စိပ်စိပ်. . .
နေ့လည်ခင်း၏ မိုးသားကောင်းကင်သည်
နက်ပြာရောင်သန်းလျှက်ရှိသည်။
ဒဏ္ဍာရီဟု ထင်မှတ်ရလောက်အောင်
နှင်းဆီနက်တို့သည်လည်း
လက်တွေ့ သဘာဝမယ် ပွင့်ကြ၏။

တစ်နေရာမှ တစ်နေရာ
ကူးသန်းသွားရသည့်
လူသွားလမ်း ကျဉ်းကျဉ်းလေးဘေး
သစ်တုတ် ညိုညို ကလေးတွေဖြင့်
တိုင်ထူထားသည်။

အခု သူ့လက်က အလုပ်လုပ်နေတယ် ။
အမြင်အာရုံကို ပေါင်းစပ်ပြီး. . .
ဦးနှောက်ကို အသုံးပြု၍. . .
လှပခြင်းကို ခံစားတတ်ဖို့. . .
နှောင်ကြိုးတွေကို မေ့ပြီး. . .
တစ်ခါတစ်ခေါက်တော့ ဆန်း၏။

" ကျစ်. . . မမှတ်မိတော့ဘူး. . ဟူး. . . "

လက်ထဲက စုတ်တံအနက်ကို
ပစ်ချလိုက်သည်။
Mullet hairနဲ့ ဦးလေးကြီးကို
အဖြူရောင် ကားချပ်ပေါ်ဝယ်
ပုံဖော်ခြင်းအမှု ပြုမိသည်။
သို့သော် နားထင်၏ အောက်နားမှ
မွှေးညင်းနုများနှင့် လည်ဂုတ်အထိ
ဖွာကျနေသော ဆံပင်တွေပဲ အမှတ်ရသည်။

ဆံပင်နှင့် နားရွက်. . .
ဗွေ သဏ္ဍာန်ရှိသည့်
မွှေးညင်းနုများမှ လွဲ၍
မျက်လုံး နှုတ်ခမ်း အစရှိသည်တို့
ထည့်ရမည့် အလည်ခေါင်၌
ဟောင်းလောင်းပေါက်သာဖြစ်လျှက်. . .

" Arjushi . . . . . "

" Kim Tae Hyung. . . "

" အဲ့လောက် လှဖို့ လိုလို့လားဗျာ "

စိတ်မှ တမ်းတမ်းတတပင်
ရေရွတ်လိုက်သည် ။
ပျိုးထောင်သူက ကိုယ်ပေမယ့်
ကိုယ့်နေရာ ကိုယ်မသိတဲ့အခိုက်. . .
ကာကွယ်သူက ကိုယ်ပေမယ့်
ကိုယ့်တာဝန် ကိုယ်မသိသူ အဖို့. . .
ပိုင်ဆိုင်သူက ကိုယ်ပေမယ့်
ကိုယ်ဟာ အမြဲ မသန်မာသူ ဖြစ်တာကြောင့်. . .

အရှေ့မြို့ရိုးတည့်တည့်မယ်
မိုးမှောင်တွေ ခိုက်နေကြပြီ. . .
ထူးဆန်းတဲ့ ဂျစ်ကားလေး. . .
သူ့စိတ်မှ မျှော်မိရုံနဲ့
ရောက်လာတတ်တယ် ဆိုပါရင်. . .
သေချာသည် နေ့တိုင်း မျှော်မိမည်။

HELLO_Darling ( Completed ) Tempat cerita menjadi hidup. Temukan sekarang