5

1.2K 147 4
                                    

( Zawgyi )

-

-

-

အမှောင်ထုတွေ
ခပ်မြေ့မြေ့ လှုပ်ရှားကုန်ပြီ. . . ။
နီညိုရောင် လွင်ပြင်တွေကို
နင်းဖြတ်လို့. . . အမှားကြီးမှားပြီဟု
မယူဆချင်. . .

မတွင်ကျယ်ခင် ကတည်းက
သတ်မှတ်ထားတဲ့
သမာရိုးကျဈေးကွက်တစ်ခုကို
မထုတ်ဖော်ချင်တော့ဘူး. . .. ။
အောင်မြင်မှုကို ရွေးချယ်သင့်သလား ?
နှလုံးသားကို ရွေးချယ်သင့်သလား ?

အအိပ်ပျက်ညတွေ များပြီ. . .
အတွေးတွေ လွန်ရင်း
မဖြစ်နိုင်တာကို  မှန်းဆမိမယ် ။
ဖောက်လွဲဖောက်ပြန်  နိမ့်လေမြင့်လေတဲ့
ဝေဝါးခြင်းတွေ အပေါ်
မသိမသာလေး သာယာမိမယ် ။

ဖြူဖြူစင်စင်လေးဘဲ ချစ်ချင်ခဲ့တာ
ခဗျား သိသလား ?
အချစ်မရှိတဲ့သူ ရေးတဲ့ စာရွက်ထဲက
ကဗျာ စာသားတွေဟာ
အချစ်ကို စင်စစ် ခံစားနေသူတွေထက်
သိပ် လှပါကြောင်း. . .

Photographer တစ်ယောက်ရဲ့
Flim ရိုက်ချက်တွေဟာ
ဖြည့်စွက်မှုတွေ ထပ်ပေါင်းထည့်ရင်
သဘာဝတရားထက်ပင်
ပိုပြည့်စုံ ကြည့်ကောင်းပါကြောင်း. . .

တိတ်ဆိတ်သွားတဲ့
အေးစက်စက် လူတစ်ဦးရဲ့
ရက်စက်မှုဟာ
သာမန်လူတွေ ထက်ပင်
ပိုမို သွေးလန့်ဖွယ်ဖြစ်ကြောင်း. . .

အရူးတစ်ယောက်ပြောတဲ့
စကားတွေသည်
ပကတိ ကောင်းမွန်နေသူတွေကဲ့သို့
လိမ်လည် လှည့်စားခြင်း မပါဝင်ကြောင်း. . .

မိုးမှ ဆင်းတဲ့
တိမ်ညိုညို မျက်ရည်စက်တွေဟာ
မြေဆီလွှာသို့
စိမ့်ဝင် နစ်မြုပ်သွားတာက
ထုထည်မရှိတဲ့
ခပ်ရိုးရိုး ဖြစ်စဉ် တစ်ခု ဖြစ်ကြောင်း. . .

ကိုယ်သာ မရပ်တည်နိုင်တော့မယ့်အခါ
ရှေ့တိုးလာတဲ့ ခြေလှမ်းတွေနဲ့
နောက်ဆုတ်သွားတတ်တဲ့
ခြေလှမ်းတွေချင်း ယဉ်ကြည့်ရင်
ဆုတ်ခွာမှု ကျောပြင်တွေသာ
မြင်နိုင်ပါကြောင်း. . .

ခပ်ခြောက်ခြောက် ရယ်သံနောက်ကွယ်က
လှောင်ပြောင်ရယ်မောမှုတွေ. . .
ဝမ်းနည်းစာနာခြင်း
မျက်နှာတွေ တစ်ဘက်ခြမ်းက
အပြုံးယောင် နှုတ်ခမ်းတွေ  . . .

HELLO_Darling ( Completed ) Tempat cerita menjadi hidup. Temukan sekarang