14

1K 130 9
                                    

( Zawgyi )

.

.

.

သန်းခေါင်ယံ တိမ်ဆိုင်အုံလေးကို
စောင့်မျှော်လို့
အပြင်ဘက်၌ ခုံလေးတစ်လုံးချကာ
ထိုင်နေလိုက်သည် ။
ညအိပ်ဝမ်းဆက်နှင့်ဆိုပေမယ့်လည်း
နွေးထွေးစေဖို့ ဝင်ကာ မလဲချင်တော့ဘူး. . .

မမြင်ဖူး ၊ မသိခဲ့ဖူးတဲ့
ကောင်လေးတစ်ယောက်နဲ့
တစ်ကြိမ် ဆုံခဲ့ဖူးသည် ဆိုတာကပဲ
အချိန်ပြည့်စဉ်းစားစရာ ဖြစ်နေခဲ့၏။
အတွေးတွေဟာ တွေးလေနစ်လေနဲ့
တဖြည်းဖြည်း ပိုကာမေ့ပျောက်လာသည် ။

" JungKook.. . . မအိပ်သေးဘဲ
  ဘာလုပ်နေတာလည်း "

ပခုံးပေါ်ရောက်လာသည့်
ဆွယ်တာ အညိုလေးတစ်ထည်. . .
အေးစက်နေသော
သူ့ အနွေးလွတ်လက်များ
အကာအကွယ် ရသွားခဲ့သည် ။
တစ်ခေါက်တစ်ခါရဲ့ အညိုရောင်လွင်ပြင်တို့
မိုးရိပ်သန်းသန်း. . .

ဂရုစိုက်ပေးတဲ့ အပြုအမူတွေအပေါ်
တနေ့တခြား  သူ မနေတတ်ဖြစ်လာသည် ။

" ကျတော် ဖုန်းစောင့်နေတာ "

" တူတူ စောင့်ပေးရမလား "

" ဟင့်အင်း ရတယ်
  ကျတော် ဖုန်းပြောပြီး ဝင်အိပ်လိုက်မယ် "

အထွန့်ဟူ၍ မတတ်တော့. . .
သူမဟာ အရာရာကို
နားလည်ခွင့်လွှတ်ပေးခဲ့သူရယ်လို့
ပြောမရပေမယ့်လည်း
ဝေးကွာအေးစက်လာတဲ့ ဆက်ဆံရေးတွေက
အလုံးလိုက် အထည်လိုက်. . .

သူမ မသိပဲနေပါ့မလား. . .

အအေးလှိုင်းများ
ဖြတ်လျောက်သွားသလို. . .
အကွာအဝေးရှည်ရှည်
သက်ဆိုင်ခြင်းများက
စည်းဝိုင်း လေနှာမောင်းအဖြစ်
ပြောင်းလဲ ခက်ထန်ခဲ့သလို. . .

ညရဲ့လ က ဒီနေ့အတွက်
အရောင်မှိန်သွားသည်၌. . .

" ဒါနဲ့ ကျမတို့ ပထမဦးဆုံး ဆုံခဲ့တဲ့အချိန်ကို
  Jung Kook မှတ်မိသေးလား "

ရုတ်တရက် မေးလာတဲ့
သူမ ၏ စကားလုံးတွေအပေါ်
သူ အရင်လို မပျော်ရွှင်တော့ဘူး. . .
နူးညံ့ နှစ်သိမ့်လာတဲ့
အလေးထားခြင်းတွေကို
သူကြောက်ရွံ့အားငယ်တတ်ခဲ့ပြီ ။

HELLO_Darling ( Completed ) Where stories live. Discover now