( Zawgyi )
-
-
-
နှင်းမုန်တိုင်း တိုက်ခတ်ခဲ့ဖူးသည့်
ညတစ်ညဖြစ်သည် ။
ပြင်ဆင်ချင်ပါလျှင်
ပြင်ဆင်ခွင့်ရနိုင်သော ညတစ်ည. . .
အချိန်တွေ နောက်သို့ရစ်ချင်ပါလျှင်
စာရွက်ကလေး တစ်မျက်နှာ ၊ နှစ်မျက်နှာ
ပြန်ပြင်ရေးခြစ်လို့ရတဲ့ ညတစ်ည. . .မြို့တော် ဇူးဝစ် တစ်ခုလုံးနီးပါး
အဖြူရောင် ယိုများဖြင့် ဖုံးလွှမ်းထားကြပြီး
အေးလှသည့်ရာသီဥတုကြောင့်
ဒေသထွက် ယမကာရည်တော့
မှီဝဲမှကိုဖြစ်မည် ။
အခြေအနေက အရမ်းအဆိုးကြီးမဟုတ်လို့
ပြတင်းဖွင့်ထားလို့တော့ ရကောင်း၏။ကွဲအက်တဲ့ နှလုံးသားနဲ့
အေးစက်တဲ့ ရာသီခွင်တစ်ခု
ဓာတ်ပြုသည့်အခါ
မရှိမဖြစ် မလုပ်၍ မဖြစ်သော
စေခိုင်းရာ အကြောင်းတရားများ
တိုးဝင်လာလေရဲ့, . . .စာတို တစ်လိပ်ရေးကာ
လေချွန်လိုက်သည့်နောက်
ဗျိုင်းဖြူတစ်ကောင် အခန်းထဲ ဝင်လာသည် ။
ကုပ်ကပ်နေတဲ့ လက်သည်းကြားထဲ
ထိုစာလိပ် ထည့်ပေးလိုက်သည် ။ထိုစာ၌. . .
" Bogum ကျတော်တို့ သောက်ရအောင် "
ခေါ်ချိန်တိုင်း
အသင့်ဖြစ်နေသူ. . .သို့မဟုတ်
ဘယ်တုန်းကမှ မထားခဲ့ဖူးသူ. . .
အဖော်မဲ့နေတိုင်း အနားရှိပေးသူ. . .
သူ တကယ် ဒီအချက်တွေအပေါ်
သာယာ လေးစားသည် ။သူ့ကို ချစ်ပေးတာကို သူကြိုက်သည် ။
သူ့ကို ပထမ ဦးစားပေးအဖြစ်
အလိုလိုက်တာကို
သူသဘောကျသည် ။
သူမှသူဖြစ်နေတဲ့သူမျိုးကို
ရက်စက်ပစ်လိုက်ဖို့တော့ ပြောမထွက်ခဲ့၍. . .ရင်ကို ကွဲစေသော
လုပ်ရပ်များနှင့် ကလေးငယ်ကို
တစ်ခဏတော့ မေ့ချင်သည် ။
ဆွံ့အ ရှက်ရွံ့အောင်
ရှောင်ဖယ်တတ်သည့် ကလေးငယ်ကို
တစ်စိတ်တစ်ပိုင်းလေး ဖြစ်စေ
လျစ်လျူရှု့ထားချင်သည် ။မင်းကြောင့်ကျတဲ့
မျက်ရည်တွေကို အစားထိုးဖို့
ကိုယ် နားခိုရာတစ်ခုခု လိုအပ်တယ် ။
ဝေဒနာတွေပေးတတ်တဲ့
မင်းနှုတ်ခမ်းပါးပါးတွေ. . .
ထိတွေ့လို့မရတဲ့ မင်းကိုယ်ခန္ဓာတွေ. . .
CZYTASZ
HELLO_Darling ( Completed )
Romans( Zawgyi ) Hi Darling. . . အကယ်၍ နောက်တစ်ယောက်ကို ထပ်ချစ်မိသွားမယ်ဆိုရင်တောင်မှ မင်းကို ချစ်ခဲ့တုန်းကလို စိတ်မျိုးနဲ့ ဘယ်တော့မှ ထပ်ချစ်နိုင်တော့မှာမဟုတ်ဘူး နောက်တစ်ယောက်သာ ရှိလာရင် ရှိလာမယ် မင်းနေရာမှာတော့ ဘယ်အရာကိုမှ. . . ဘယ်လိုမှ အစားထို...