( Zawgyi )
-
-
-
လက်တွေ့တွေကို
ခဏလောက် မေ့ထားကြရအောင်. . .
မြို့ဦးကိုပဲ ဆက်လျောက်လို့
မတွေးချင်မိတဲ့ အကြောင်းရာတွေ
တန်းစီလာခဲ့စဉ်. . .အရိပ်ယောင် ဆိုလည်း မြတ်နိုးပါ့မယ် ။
ထိတွေ့မရနိုင်တဲ့
လေထုဆိုလည်း တန်ဖိုးထားပါ့မယ် ။
စိတ်က လုပ်ယူထားတဲ့
နာကျင်မှုဆိုပါလျှင်လည်း
ရင်အနာခံပြီး ကပ်တွယ်မှာမို့. . .ဖြည်းဖြည်း မသွားနဲ့. . .
မဖမ်းဆုပ်ရက်ဘူး. .
ပြေးလွှားဖို့ မကြိုးစားနဲ့. . .
လိုက်မလာရက်ဘူး. . .
နှစ်သိမ့်ဖို့ မရည်ရွယ်ပါနဲ့. . .
နှုတ်ဆက် မျက်ရည်တွေက
ကမ္ဘာတစ်ခွင် ဒီရေတိုးသွားနိုင်တယ် ။မျက်ဝန်းတွေ တစ်ခဏလောက် ဆုံကြည့်ပေး. .
လက်ချောင်းအချင်းချင်း
ထိတွေ့ ယှက်နွယ်ခွင့်ပေး. . .
မချစ်ခဲ့ဘူးလား. . . ?
ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပေး. . .လိုတိုင်း မရခဲ့ပါဘူး. . .
ခဗျားတစ်ယောက်ကိုတော့
ရတိုင်း လိုချင်မိတယ်. . ။
တစ်နေ့နေ့ ကျတော် မောပန်းလို့လာရင်. . .
ကျတော် ဒီ မတည်မြဲခြင်းတွေ အပေါ် ဆက်ပြီး
မလျောက်လှမ်းနိုင်တော့လောက်အောင်
ပင်ပန်းလာမယ့် စက္ကန့်ပိုင်းလေးရောက်ရင်. . .ခဗျားပြေးဖို့ မလိုတော့အောင်
ကျတော် အဝေးဆုံးကို
အလိုလျောက်
လွင့်ထွက်သွားပါလိမ့်မယ် ။တစ်ယောက်ယောက်ကို ချစ်ခဲ့ပြီးမှ
နောက်တစ်ယောက်ကို ထပ်ချစ်တယ်ဆိုတာ
မေတ္တာတရားက မမှန်ကန်ခဲ့လို့မဟုတ်ဘူး. . .
မှန်ကန်လွန်းခဲ့လို့. ,
တစ်ပါးသူတွေ ယူဆထားတဲ့
အချစ်ဆိုတာနဲ့ ကျတော်ယူဆထားတဲ့
ချစ်ခြင်းမေတ္တာဟာ ကွဲလွဲနေခဲ့လို့. . .ကမ္ဘာအပြင်ဘက်ကို
ခဗျား ငေးကြည့်လိုက်. . .
သီးခြားဌာနေတစ်ခုကနေ
ရူးရူးမိုက်မိုက် ဖိတ်ခေါ်နေတဲ့ ကျတော်ရှိတယ် ။ကျတော့်ရင်ခွင်အောက်က
ခဏ ရုန်းထွက်ကြည့်လိုက်. . .
လွတ်လပ်စွာ ပျံသန်းရင်း
အတောင်ပံတွေ ဖြန့်ကျက်လိုက်ပါ. . .
ဌက်ငယ်ကလေး ဆိုပါရင်လည်း
ရင်နာနာနဲ့ ပျံသန်းခွင့်ပေးမယ့်
ကျတော်ရှိတယ် ။

ESTÁS LEYENDO
HELLO_Darling ( Completed )
Romance( Zawgyi ) Hi Darling. . . အကယ်၍ နောက်တစ်ယောက်ကို ထပ်ချစ်မိသွားမယ်ဆိုရင်တောင်မှ မင်းကို ချစ်ခဲ့တုန်းကလို စိတ်မျိုးနဲ့ ဘယ်တော့မှ ထပ်ချစ်နိုင်တော့မှာမဟုတ်ဘူး နောက်တစ်ယောက်သာ ရှိလာရင် ရှိလာမယ် မင်းနေရာမှာတော့ ဘယ်အရာကိုမှ. . . ဘယ်လိုမှ အစားထို...