( Zawgyi )
-
-
-
ယခုတော့ မျက်စိရှေ့မယ်
မြူတွေ ဆိုင်းထနေ၏။
အအေးဓာတ်က အလုံးအရင်းနဲ့
နွေးထွေးဖို့ရာ မှီခိုမှုသည်
Pajamas ဝမ်းဆက်တစ်စုံ. . .စတင်ခဲ့တုန်းက မိုးလေးက တစ်ဖွဲဖွဲ. . .
အဆုံးသတ်တော့
ဆောင်းလေညှင်း တစ်အေးအေးနဲ့. . .
ကြားထဲက ကုန်လွန်ခဲ့တဲ့အချိန်တွေ၌
သူ့နှလုံးသားလေး ပဲ့ကြေလျှက်. . .ဝှီးချဲပေါ်က
ချိနဲ့နေတဲ့ ခြေထောက်နှစ်ဖက်ကို
ရပ်တည်ဖို့ မစွမ်းဆောင်နိုင်ခဲ့တာ
ကာလရှည်တစ်ခုပေါ့ . . . ။
ခေါင်း၏ နားထင်စပ်မှ
ချုပ်ရိုးတွေလည်း ယခုထိ မဖြည်ရသေး. . .စိတ်ကူးယဉ်သမား တချို့က
အလွမ်းရာသီဟာ မိုးဟု တင်စားကြသည် ။
တစ်ယောက်တည်းသော
စိတ်ကူးယဉ်သမား သူ့အဘိဓာန်မှာတော့
လေပြည်ပြယ်သော မိုးသည်သာ
အနာတရ ဒေသတစ်ခုဖြစ်စေခဲ့၏။ဖုန်တွေ ထ မနေဘူး. . .
မြူတွေ အခုမှ ဆိုင်းစပြုရုံ. . .
ဆောင်းဆိုတဲ့ အကူးအပြောင်းက
အခုမှ စတင်အသက်ဝင်လာပုံ. . .
အနည်းဆုံး သစ်ခြောက်တွေတော့
ကြွေကျနေခဲ့သင့်သည်လေ. . .။" Jung Kook. . . "
" အင်း "
ဝှီးချဲတွန်းလာပေးသော
သူ့ အမျိုးသမီး၏
အနောက်ဘက်မှ ခေါ်သံသည်
အရင်ကဲ့သို့ ထူးခြားမနေ. . .
စိတ်ထဲမှာ တစ်ခုခုက
ဟာတာတာနဲ့ နေရာယူနေလင့်သည် ။ပြီးနောက်. . .
ပခုံးပေါ် မေးတင်ကာ
ရင်ဘတ်ပေါ်သို့ သိုင်းဖက်လာ၏။" ဘာဖြစ်နေတာလည်း. . ဟင်
လွန်ခဲ့တဲ့ တစ်လလောက်ထဲက
အေးတိအေးစက်ဖြစ်လာတာ
ကျမ သတိထားမိနေတာကြာပြီ "
" ဒီနေ့ တက္ကသိုလ် မသွားဘူးလား "" ကျမ အစက တစ်ပတ်ခွင့်ယူထားတာ
အခု Jung Kook နေမကောင်းသေးတာက
နှစ်လလောက်ဆိုတော့
အလုပ်ထွက်လိုက်ပြီ "" သြော် . . . "
မြူတွေကြားထဲ
လွတ်လမ်းမရှိစွာ
ခါးသီးသွားကြပြန်သည် ။
အရင်ဆို စကားပိုတွေ များကာ
ပျော်ပျော်နေတတ်တဲ့သူသည်
အခု အဲ့လိုမဟုတ်တော့. . .
BINABASA MO ANG
HELLO_Darling ( Completed )
Romance( Zawgyi ) Hi Darling. . . အကယ်၍ နောက်တစ်ယောက်ကို ထပ်ချစ်မိသွားမယ်ဆိုရင်တောင်မှ မင်းကို ချစ်ခဲ့တုန်းကလို စိတ်မျိုးနဲ့ ဘယ်တော့မှ ထပ်ချစ်နိုင်တော့မှာမဟုတ်ဘူး နောက်တစ်ယောက်သာ ရှိလာရင် ရှိလာမယ် မင်းနေရာမှာတော့ ဘယ်အရာကိုမှ. . . ဘယ်လိုမှ အစားထို...