Zawgyi:
ဒီ fic လေးကို Ra အချိန်ယူပြီး ပိုကြိုးစားကြည့်ထားပါတယ်။ လိုအပ်ချက်တွေရှိပေမဲ့ နားလည်ပေးကြပါနော်...။ပထမဦးစွာ ပြောချင်တာကတော့ 1997 ခုနှစ်ကို ဖော်ကျူးရာမှာတော့ တာဝန်ကြီးပါတယ်။ ကိုယ်တိုင် ကြီးပြင်းခဲ့ရတဲ့ ခေတ်ကာလမဟုတ်တော့ စကားပြောပုံ၊ အဝတ်စား၊ အလေ့အထ တချို့ကိုတော့ ဖတ်ဖူးတဲ့စာအုပ်တွေထဲက မှီငြမ်းထားပြီး တချို့ကိုတော့ အိမ်က လူကြီးတွေကို မေးမြန်းပြီး ရေးသားထားပါတယ်။ Ra အကောင်းဆုံးတော့ ကြိုးစားရေးထားပေမဲ့ 100% ကြီးတူမနေနိုင်တာတော့ နားလည်ပေးစေချင်ပါတယ်။
ဒုတိယပြောချင်တာကတော့ ဦးမင်းထွဋ်ခေါင်ရဲ့ Coma ရောဂါအကြောင်းနဲ့ ပတ်သတ်တာတွေပါ။ Coma နဲ့ပတ်သတ်တဲ့ အချက်လက်အချို့ကို 'Still 17' ဆိုတဲ့ ကိုရီးယား drama ထဲက coma နဲ့ပတ်သတ်တာလေးကို မှီးငြမ်းထားပါတယ်။ ဆေးပညာနဲ့ပတ်သတ်ပြီး များများစားစား မသိတော့ အမှားပါသွားရင် ကြိုတင်တောင်းပန်အပ်ပါတယ်
နော်....။တတိယအနေနဲ့ ပြောချင်တာကတော့ ဒီ ficလေးထဲမှာပါဝင်သည့် မြို့ ရွာ ကျောင်း နေရာ အစုံ အားလုံးသည် Ra ရဲ့ စိတ်ကူးယဉ် ရေးသားမှုပါ။ တိကျစွာ မဖော်ပြတဲ့အတွက် ဖတ်ရတာ ပေါ့မယ်ဆိုရင်တော့ ကြိုတောင်းပန်အပ်ပါတယ်ရှင်....။
နောက်ဆုံးပြောချင်တာကတော့ Ra ဒီ fic လေးကို ရေးမယ်လုပ်တာ တော်တော်ကြာပါပြီ။ ဒါမဲ့ တော်တော်နဲ့ မရေးဖြစ်ပါဘူး။ စိတ်တိုင်းမကျတာလည်း ပါပါတယ်။ Part1ကို တပတ်ကျော်ကျော်လောက်ထိ ရေးခဲ့တာပါ။ ဇာတ်အိမ်တည်ပြီးမှ up ပေးမယ်လို့ စိတ်ကူးထားပေမဲ့ မနေနိုင်လို့ လာ upတာပါ။ အဲ့တာကြောင့် အရင်လို တစ်ရက်တစ်ပိုင်း တင်နိုင်ဖို့ အာမ မခံနိုင်တာကို ကြိုတင် တောင်းပန်ပါတယ်ရှင်။
တစ်ရက်ခြားတစ်ပိုင်း နှစ်ရက်ခြားတစ်ပိုင်းလောက်တော့ up နိုင်အောင်ကြိုးစားပါမယ်။ နေ့တိုင်uးp နိုင်အောင်လည်း ကြိုးစားပေးပါမယ်ရှင့်။ အကြာကြီးပစ်မထားကြောင်းကိုတော့ ကတိပေးပါတယ်။
နေ့တိုင်း မ upပေးနိုင်တာတော့ တောင်းပန်ပါတယ်နော်...။ နားလည်ပေးဖို့လည်း မျှော်လင့်ပါတယ်..... _/\_

ESTÁS LEYENDO
မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)
RomanceZawgyi: 1997 ခေတ်ကာလနှင့် အခုမျက်မှောက်ခေတ်ကာလတို့ ခေတ်နှစ်ခေတ်အပြိုင် အချစ်အမုန်းအာဃာတတို့အား ဖော်ကျူးထားသည့် ........... 'မိုးသားတို့ ကင်းစင်ချိန်' မဟောင်းသေးတဲ့ အတိတ်ဇာတ်လမ်းလေးအား တို့တွေအတူ ခံစားကြည့်ကြရအောင်ပါ..........။ Unicode: 1...