Departure

3.2K 208 5
                                    

Lisa ဆေးရုံတွင်ချုပ်ရိုးဖြည်ပြီး တိုက်ခန်းသို့ပင်ပြန်လာခဲ့သည်......
ယနေ့ဆိုလျှင် 29ရက်နေ့ရှိပြီး..... သူပြန်ရမည်က31ရက်နေ့ chaeyoung နှင့်လဲ သွားတွေ့ရန်ရှိသေးသည်.......
သူ ရောက်ရောက်ချင်း အိမ်ယာပေါ်သို့ကိုယ်ကိုပစ်လှဲလိုက်ပြီး သက်ပြင်းရှည်တစ်ချက်ရှိုက်လိုက်မိသည်.......

ထို့နောက် သူအဝတ်အစားလဲ ကာ ထမင်းစားခန်းထွက်လာတော့ မီးဖိုထဲတွင်အလုပ်ရှုပ်နေသော သူမကိုတွေ့လိုက်ရသည်.....

"Jen ဘာတွေချက်နေတာလဲ......"

"ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး.....
ခေါက်ဆွဲဘဲရှိတော့လို့ ခေါက်ဆွဲပြုတ်နဲ့ဘဲ ဒီညတော့ နှစ်ပါးသွားရတော့မယ်...... အဆင်ပြေရဲ့လား........ honey........ နောက်နေ့မှ Jenn ကောင်းကောင်းချက်ကျွေးမယ်နော်"

သူက ခေါက်ဆွဲပြုတ်နေသော သူမကို သူအနောက်မှသိုင်းဖက်ရင်း သူမ ပခုံးသားလေးကို ဖိနမ်းလိုက်သည်......

"ရပါတယ် Jenn ချက်ကျွေးတာအကုန်စားပါတယ်......... Jennလက်ရာကကောင်းပြီးသား......"

"အမလေးမြှောက်နေပြန်ပါပြီနော်...... honey ထိုင်နေ.....အပူလောင်မယ်....."

"ခနလေးJennဒီအတိုင်းလေးနေချင်တယ်......." သူ့သဘောကျ သူမ ငြိမ်နေပေးလိုက်သည်........
ခနကြာတော့မှ သူကလွှတ်ပေးလိုက်ပြီး........... စားပွဲတွင်ဝင်ထိုင်နေလိုက်သည်.......

"Woww......Jennနဲ့တူတူစားရလို့လားမသိ....... ကိုယ်စားဖူးသမျှထဲမှာ ဒီတခါစားလို့အကောင်းဆုံးဘဲသိလား......." သူက လက်မထောင်က ခေါင်းတညိမ့်ညိမ့်နှင့်စားရင်းပြောလိုက်သည်........

"ဟဟ.....Honey... Jenn ခေါင်မိုးနဲ့တိုက်နေပြီနော်......."
ညစာစားပြီးသူတို့ TV တူတူကြည့်ကြသည်....... သူ့ရင်ခွင်ထဲ တိုးဝင်ကာ TV ဖန်သားပြင်ကို ကြည့်နေသောသူမလေးအားသူ မြတ်နိုးစွာဖြင့် နဖူးလေးလှမ်းနမ်းလိုက်တော့ သူမက မော့ကာ ပြုံးပြပြီး ဇာတ်လမ်းတွဲ ဆီသို့အကြည့်က ပြန်ရောက်သွားပြန်သဖြင့် သူက ထွေးပွေ့ထားလိုက်ပြီး TVဆီသို့အကြည့်ပြန်ပို့လိုက်သည်......... ဇာတ်လမ်းပြီးသွားတော့ သူမကိုငုံ့ကြည့်လိုက်သည်....

ဘယ်ချိန်ကတည်းကအိပ်ပျော်နေသည်မသိ..... သူအသာအယာပွေ့ပြီး အခန်းထဲချီသွားသည်...... ထို့နောက်သူမကိုယ်လေးကို အသာအယာချလိုက်ပြီး စောင်ကလေးခြုံပေးကာ နဖူးလေးကို အသာအယာနမ်းပြီး သူဝရံတာသို့ထွက်ခဲ့သည်........

Love at first sight 😍Donde viven las historias. Descúbrelo ahora