stuck in the moment

3.9K 215 2
                                    

နံနက် ဆရာဝန်များ round လှည့်တော့ ကုတင်ပေါ်တွင် ဖက်လျက်အိပ်ပျော်နေသော သူတို့နှစ်ဦး ကို တွေ့သဖြင့် wendyက ချောင်းသံပေးလိုက်သည်.......

"အဟန့်......... အဟန့်......Dr.Lisa.......”
အသံဗလံများကြောင့် Jennieအိပ်မှုံဆုံဖွားဖြင့်ထလိုက်သည်...... ဆရာဝန်များကိုမြင်တော့မှ ကဗျာကယာ ကုတင်ပေါ်မှဆင်းလိုက်သည်...... 

Lisaလဲ နိုးလာတော့သည်.....
"Sanbae. ဘယ်လိုနေသေးလဲ........  ချုပ်ရိုးက နာနေသေးလား...........…”

"နဲနဲပါ......ရပါတယ်........ wendy ငါ ဆေးရုံကဆင်းလို့ချင်လို့........” lisa ပြောလိုက်သည်........
Wendyဆိုသည်မှာ သူတို့ဆေးကျောင်းတက်တုန်းက ဂျူနီယာရင်နှီးနေသဖြင့် သူကပြောလိုက်တော့.......

"Sanbae. CT scan မရိုက်ကြည့်တော့ဘူးလား.......”

"ငါ က ဦးနှောဏ်နဲ့အာရုံကြော
အထူးကု ပါရဂူ.........ပါဟ......ဘာမှမဖြစ်ဘူး ရတယ်...... ဆင်းလို့ရအောင်စီစဥ်ပေးပါ......”

"Nae............” ဆရာဝန်များပြန်ထွက်သွားသည်......

"Honey လုပ်စရာရှိလုပ်လိုက်ပါလား....... နောက်တခုခုဖြစ်နေရင်ဘယ်လိုလုပ်မလဲ............”

"ရပါတယ် အားလုံးOkနေတာဘဲ Jennရဲ့ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်ကို ဒီလိုမဖြုန်းတီးချင်လို့ပါ......” ဟုဆိုကာ သူ့ပါးလေးကို ထိုးပေးရင်း

"morning kiss........”

"Mwaaa.........”
"အားခုမှဘဲ ပိုပြီး okသွားတော့တယ်......”သူကရီလျှက်ဆိုနေသည်....

"Honey ကားက Jennမောင်းမှာနော်......”
"ကိုယ်မောင်းပါ့မယ်.......Jennကပင်ပန်းနေတယ်မဟုတ်လား.....အိပ်ပြီးလိုက်ခဲ့လေ........”

"အာ....မရဘူး ဒဏ်ရာနဲ့သူက ငြိမ်ငြိမ်နေ........ ပြောစကားနားထောင်......နားမထောင်ရင် Jennမချစ်တော့ဘူးနော်......” သူမ ပြောတော့ သူတိတ်ကာငြိမ်ကျသွားသဖြင့်.....

"Honey စိတ်မဆိုးပါနဲ့ Jennက Honeyကိုနားစေချင်လို့ပါ.......” ဟု ဆိုကာ သူ့မေးဖျားလေးကို ဆွဲမော့လိုက်ပြီး နှုတ်ခမ်းလေးကိုနမ်းလိုက်တော့ သူက

"Jenn ကိုယ့်ကိုနောက်တခါ အဲ့ဒီစကားမပြောနဲ့နောိ......ကိုယ်မခံစားနိုင်ဘူး......... ” သူကညိုးငယ်စွာဆိုလာသဖြင့် သူမသူအားဖက်ထားလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်......

Love at first sight 😍Tempat cerita menjadi hidup. Temukan sekarang