တွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင် နင့်ကိုမခေါ်တော့ဘူး.." အလုံး မျက်တောင်တွေ ပုတ်ခတ်နေပေမဲ့ မျက်ရည်တွေ စီးကျကုန်သည်။ ကျောင်းမှာ တစ်ခါမှ မငိုခဲ့ဖူးပေမဲ့ အခုတော့ မျက်ရည်တွေ အများကြီး မရပ်မနား စီးကျလာသည်။ ─────༺♡༻───── "နင် လည်း ငါ့ကို ချစ်လား..." "အွင်း....အလုံးက ကိုချမ်းကို အမြဲချစ်ပါတယ်...." "ငါလည်း ချစ်တယ်နော်....ငါ့ကို စိတ်ဆိုးလား..." "ဟင့်အင်း....ကိုချမ်း မချစ်တော့လည်း စိတ်မဆိုးပါဘူး...အလုံးပဲ ချစ်ပါမယ်..." အခုရက်ပိုင်းဆို ငြိမ်းချမ်း ဘာလုပ်လုပ် အလုံးကို သတိရသည်။ ငြိမ်းချမ်း ကောင်းကောင်းနေရသလို အလုံးကိုလည်း နေစေချင်သည်။ အလုံးကို သနားပြ