"ဗျာ" "ရှင်"
ဝမ်ချင်နဲ့ ရိပါ်တို့ရဲ့ပြိုင်တူအော်သံပင်ဖြစ်သည်။"ပါးဘာပြောလိုက်တာ ပါးပြန်ပြောပါဦး"ရိပေါ်ထပ်မေးတော့ဝမ်ပါးက
"နောင်လ ဝမ်လေး မွေးနေ့ကျရင် ဝမ်လေးကိုCEO ရှောင်း နဲ့လက်ထပ်ပေးမလို့"
"ပါး မဖြစ်နိုင်တာ သားကယောင်္ကျားလေးလေ"
"အခုခေတ်မှာယောက်ျားချင်းယူတာဆန်းလို့လား"ဝမ်ပါးရှေ့ကကော်ဖီခွက်ကိုသောက်ရင်းမေးတော့ရိပေါ်ခဏတိတ်သွားသည်။ပြီးတော့
"လက်မထပ်လို့မရဘူးလား သားမှာခိစ်သူရှိတယ်"
ရိပေါ်စကားသောက်လစကော်ဖီကိုရပ်လိုက်ပြီးရိပေါ်ကိုမော့ကြည့်ကာ"ချစ်သူရှိတာရှိပေါ့ မင်းယူရမှာCEO ရှောင်းပဲ"
"ပါး! သားလုံးဝသဘောမတူဘူးနော်"
"မင်းကိုတူတယ်မတူဘူးပြောခိုင်းနေတာမဟုတ်ဘူးလုပ်ကိုလုပ်ရမှာမလို့ကြိုပြောပြတာ ငါအလုပ်သွားတော့မယ်"ဟုဆိုကာဝမ်ပါးအလုပ်သွားရန်ထွက်သွားခဲ့သည်။ရိပေါ်မှာပါးကိုကြည့်ပြီးမယုံကြည့်လောက်အောင်ဖြစ်နေပြီးမျက်ရည်များကျလျက်
"မမ ဘာလို့ဝမ်လေးကိုလဲ "
ဝမ်ချင်ဘာမှမပြောဘဲသက်ပြင်းသာချပြီးရိပေါ်ကိုဖက်ထားလိုက်သည်။ဝမ်ချင်စိတ်ထဲတွင်တော့"မိုက်တယ်ကွာငါတောင်အောင်သွယ်
ပေးစရာမလိုဘူးညားပြီ ငါ့မောင်လင်ရပြီ ပျော်လိုက်တာ"အပြင်မှာတော့ရိပေါ်ကိုဖက်ထားကာ(ဝမ်ချင်ကဘာကြီးလဲသိတယ်နော်😆)"ဝမ်လေးရယ် ပါးမှာအကြောင်းရှိလို့နေမှာပေါ့"
ရိပေါ်ဝမ်ချင်ကိုကြည့်ပြီး"ဘာအကြောင့်လဲမမ ဝမ်လေးကယောက်ျားလေး ပေးစားချင်ရင်မမကိုပေးစားလို့ရတာပဲ"
"ဟင်းးးးမမ လဲ မသိတော့ပါဘူးကွယ် မမ ဟင်းသွားချက်ဦးမယ်"ပြောကာမီးဖိုချောင်ထဲဝင်သွားသည်။ရိပေါ်မှာစိတ်ညစ်ညစ်နဲ့ဖန်ရှင်းကိုဖုန်းဆက်လိုက်သည်။
"အေး ရိပေါ်"
"ဖန်ရှင်း Bar သွားရအောင်ကွာ"
"ဟင် အခုလား မနက်ကြီးလေ "
"မင်းမလိုက်လဲနေ သောက်စကားမရှည်နဲ့"