❣Part-22❣

1.5K 74 0
                                    

❣️မိုးမခနှုတ်ခမ်းပါး💋
{Zhangyi}(Episode-22)

(Unicode version)

ရှောင်းကျန့် အပျော်တွေနဲ့အိမ်ပြန်ရောက်တော့ အိမ်ရှေ့တွင်ကားတစ်စီးရောက်နေသဖြင့် အိမ်ထဲသို့အမြန်ပြေးဝင်ကာ

"မမ မမ!!!"

အမဖြစ်သူကိုတကြော်ကြော်အော်ခေါ်နေသဖြင့်မီးဖိုချောင်ခန်းထဲကယန်လီကပြုံးကာအသံလှမ်းပေးလိုက်သည်။

"အားကျန့် ကျဲ မီးဖိုချောင် ထဲမှာ"

ယန်လီ့အသံကြားပြီးမီးဖိုခန်းထဲဝင်လာပြီးသူ့အမကိုပြေးဖက်ကာ

"မမ လွမ်းလိုက်နေတာ"

ယန်လီ က ရှောင်းကျန့်ကို ကြည့်ကာနှာခေါင်းလေးကိုလက်နဲ့အသာပွတ်ဆွဲလိုက်ပြီး

"မနက်ဖြန်ပဲ အသက် က၂၉ နှစ် ပြည့်တော့မယ် အခုထိ၃နှစ်သားကလေးလို လုပ်နေသေးတယ် အားကျန့်"

"မမ က လဲ ကျွန်တော်က မမ နဲ့ဆိုအမြဲ ၃နှစ်သားလေးပါနော်"

"ဟုတ်ပါပြီရှင့်"

"မမဘာချက်နေတာလဲ"

"အားကျန့်ကြိုက်တဲ့ကြာစွယ်စွတ်ပြုတ်လေ"

"WOW မမ လက်ရာမစားရတာကြာပြီ မမ များများချက်နော်"

"ဟုတ်ပါပြီ များကြီးချက်ထားပါတယ်"

"အော် ဒါနဲ့ ဟိုကောင် ဇီရွမ်းရော"

ဇီရွှမ်း၊ရှောင်းကျန့် နဲ့ ကျိုးချန် တို့က ငယ်သူငယ်ချင်းတွေဖြစ်ပြီးဇီရွှမ်း ကို ယန်လီ နဲ့အောင်သွယ်ပေးခဲ့တာလဲ ရှောင်းကျန့်နဲ့ကျိုးချန်တို့ ပင်ဖြစ်သည်။

"မနက်ဖြန်မှလိုက်လာမယ်တဲ့ ဒီနေ့ကအရေးကြီးတဲ့အစည်းအဝေးရှိလို့တဲ့"

ရှောင်းကျန့် ယန်လီကို ဖက်ထားရင်း

"အဲ့ ကောင် အလုပ်တွေပဲလုပ်ပြီးငါ့မမကိုကျတော့ဂရုစိုက်ဘူး"

"လေးလေး ပါးပါး ကိုမတရားမပြောပါနဲ့ ပါးပါး က သားတို့အတွက်ရှာနေတာပါနော် ဟွန့်"

အသံလာရာကိုရှောင်းကျန့်တို့မောင်နှမနှစ်ယောက်ကြည့်‌လိုက်တော့နှုတ်ခမ်းတစ်ထောင်လောက်ထော်ထားတဲ့သူ့ရဲ့တူတော်မောင်ပင်ဖြစ်သည်။အားလင် မီးဖို ‌ခန်းထဲ ဝင်လာပြီး ရှောင်းကျန့်တို့ရှေ့မှာ‌ခြေစုံရပ်ကာလက်ပိုက်လျက်

❣️မိုးမခနှုတ်ခမ်းပါး💋{Completed}Where stories live. Discover now