ရှောင်းကျန့်ကားမောင်းရင်း ဘေးမှာအိပ်ရင်းပါလာသောသူ့အသက်လေးအား ကြည့်ကာအသဲယားနေသည်။ဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲဗျာ။ နှာခေါင်းလုံးလုံးလေး၊မျက်တောင်စိတ်စိတ်၊နီရဲပြီးစတော်ဘယ်ရီ တို့ ၊ရက်စ် ဘယ်ရီတို့ပါထိုင်ငိုသွားရအောင်ကိုလှတဲ့နှုတ်ခမ်းဖူးဖူးလေးနဲ့ကွေးကွေးလေးအိပ်နေတာဗျာ။တကယ်ပုဇွန်ထုတ်လေးလိုပဲစားချင်စရာလေး။ ကျွန်တော်လဲ အိပ်နေတဲ့ကလေးနားလို့ရအောင် ဝမ်အိမ်တော်ကိုသာပို့ပေးလိုက်တော့တယ်။ အေးပေါ့လေ ကျွန်တော့်အသက်လေး က အလုပ်တွေအများကြီးလုပ်ရတော့ပင်ပန်းနေတာ။
(A/N : ငါတော့ထိုင်နေတာပဲမြင်တယ်🙄🙄
CEO Xiao : မရှည်နဲ့ရေးစရာရှိတာဆက်ရေး😒
A/N : အော်ဟုတ်ဟုတ်🤧)
ဝမ်အိမ်တော်အရှေ့သို့ရောက်တာနဲ့အိပ်နေတဲ့သူ့အသက်လေးကိုနိုးရပါတော့သည်။"ငယ် ငယ်"
"အင် အင်းး ရောက်ပြီလား"
"အင်း အိမ်ထဲဝင်တော့"
"ဟင် ကုမ္ပဏီ ကို ပြန်တာမဟုတ်ဘူးလား"
"ကိုယ်ကြည့်ရတာ ငယ် ပင်ပန်းနေသလိုဖြစ်နေတာမလို့ အိမ်ကိုပြန်ပို့ပေးတာ ဒီနေ့နားလိုက်တော့"
"အော် ဟုတ်ကဲ့ အဲ့ဒါဆို သွားတော့မယ် အကို တာ့တာ"
ရိပေါ် ရှောင်းကျန့်ကိုတာ့တာပြပြီးကားေပါ်မှဆင်းကာအိမ်ထဲဝင်သွားသည်။ရိပေါ်အိမ်ထဲဝင်သွားတာနဲ့ရှောင်းကျန့်လဲ ကုမ္ပဏီကိုပြန်လာခဲ့သည်။ ရိပေါ်အိမ်ထဲရောက်တော့ ဝမ်ချင် က မီးဖိုချောင်ထဲမှထွက်လာပြီး
"ဝမ်လေး နေမကောင်းလို့လား အစောကြီူပြန်လာတာ"
ရိပေါ်ကိုမေးလဲမေး နဖူးကိုလဲစမ်းနေသည်။
"နေ မကောင်းတာမ ဟုတ်ပါဘူး မမရဲ့ ဝမ်လေး အိပ်ချင်နေလို့ အကို က ပြန်ပို့ပေးတာ"
"ဟေ အော် အေးအေး သွားသွား အိပ်လိုက်ဦး မမ ခဏနေ ထမင်းစားဖို့လာနိုးမယ်"
"ဟုတ်ကဲ့မမ"
ရိပေါ်ပြောပြီးအိမ်ပေါ်တက်သွားသည်။ဝမ်ချင်ကတော့ သူ့မောင်ဖြစ်သူကိုအလိုလိုက်တဲ့CEO Xiao ကြောင့်ခေါင်းလေးတစ်ခါခါဖြင့်ပြုံးကာ