❣Part-31❣

1.6K 77 4
                                    

မိုးမခနှုတ်ခမ်းပါး
{Zhanyi}(Episode-31)

ရှောင်းကျန့် နဲ့ရိပေါ် ကုန်တိုက်ဆီသို့Shoppingထွက်လာကြသည်။လမ်းတစ်လျှောက်လုံး ရှောင်းကျန့်ကရိပေါ်လက်ဖဝါးကို လက်တစ်ဖက်နဲ့စုပ်ကိုင်ထားပြီး ကျန်တစ်ဖက်ဖြင့်သာကားမောင်းလာခဲ့သည်။ကုန်တိုက်ရောက်တော့ ရှောင်းကျန့်က ရိပေါ်လက်လေးကိုစုပ်ကိုင်ပြီး သူ့ကလေးငယ်လိုချင်တဲ့ပစ္စည်းတွေကိုလိုက်ဝယ်ပေးလေသည်။

ရိပေါ် ဒီလိုလေးကိုသဘောကျသည်။ ကိုကို့လက်ဝါးကြီးထဲမှာ မြုပ်နေအောင်စုပ်ကိုင်ခံထားတဲ့ သူ့လက်ကလေးကိုကြည့်ပြီး ပီတီဖြာနေမိသည်။ရိပေါ်တို့ပစ္စည်းတော်တော်များဝယ်ပြီး ကုန်တိုက်ကထွက်လာတော့ ရိပေါ်ဗိုက်ဆာတယ်ဆိုတာနဲ့ ကုန်တိုက်ရဲ့မျက်ချင်းဆိုင်က ဆိုင်တစ်ခုတွင် ဝင်ထိုင်လိုက်သည်။

"ငယ် ဘာစားမလဲ"

"ရတယ် ကိုကိုပဲမှာလိုက် "

"အင်း အင်း "

ရှောင်းကျန့် ရိပေါ်အတွက်ရော သူ့အတွက်ပါမှာလိုက်သည်။ရှောင်းကျန့်အခုချိန်ထိရိပေါ်လက်လေးကိုစုပ်ကိုင်ထားတာကြောင့် ရိပေါ်က

"ကိုကို လက်ကိုလွှတ်ပါဦး ဟွန့် ငယ့်လက်လဲချွေးတွေထွက်နေပြီ"

"ဟ ဟ ဟုတ်ပါပြီဗျာ"

ရှောင်းကျန့် ရိပေါ့်လက်လေးကို လွှတ်ပေးလိုက်ပြီး တစ်ရှုးလေးနဲ့သုတ်ပေးလိုက်သည်။

"ကဲ ချွေးတွေပါပြောင်သွားပြီ"

ခနနေတော့မှာထားသည့်စားစရာများလာချပေးတော့
ရှောင်းကျန့် ရိပေါ်ကို သေချာဂရုစိုက်ကျွေးနေသည်။ဆိုင်ကဝန်ထမ်းမလေးတွေကတော့ သူတို့အတွဲလေးကိုကြည့်ပြီး ဗန်းတွေကိုအားနဲ့စုပ်ကိုင်တဲ့လူကစုပ်ကိုင် အင်္ကျီကော်လံစကိုကိုက်တဲ့လူကကိုက်ပြီး အားကျနေကြသည်။ရိပေါ်စားလို့ပြီးတော့ ရှောင်းကျန့်က

"ဒီမှာ ခနထိုင်စောင့်ငယ် ကိုကို ပိုက်ဆံရှင်းပြီး အထဲမှာဝယ်စရာကျန်ခဲ့လို့ သွားဝယ်လိုက်ဦးမယ်"

"ဟုတ်"

ရှောက်းကျန့် ရိပေါ်ကိုဆိုင်မှာခနထားခဲ့ပြီး ကုန်တိုက်ထဲပြန်ဝင်သွားသည်။ခကြာတော့ ရိပေါ် ရှောင်းကျန့်ကိုစောင့်နေရင်းပျင်းလာသဖြင့် ဆိုင်အပြင်သို့ထွက်လာခဲ့ပြီးဆိုင်ရှေ့မှာမတ်တပ်ရပ်ကာ စောင့်နေသည်။ရှောင်းကျန့် ကုန်တိုက်ကထွက်လာတော့ စားသောက်ဆိုင်ရှေ့မှာ သူ့ကိုစောင့်နေတဲ့ကလေးငယ် ပြီးတော့ ကလေးငယ်အနောက်မှာ အမြန်မောင်းလာတဲ့ဆိုင်ကယ်တစ်စီး လက်ထဲမှာသံတုတ်တစ်ချောင်းလဲပါသေးသည်။ရှောင်းကျန့်အမြင်မမှားဘူးဆိုရင် ထိုလူက ရှင်းယွမ့်။ဆိုင်ကယ်ရဲ့ဦးတည်ရာက ကလေးငယ်ဆီသို့ ရှောင်းကျန့်မျက်လုံးပင်ပြာသွားသည်။

❣️မိုးမခနှုတ်ခမ်းပါး💋{Completed}Where stories live. Discover now