❣️မိုးမခနှုတ်ခမ်းပါး💋
{Zhanyi}(Episode-32)"ကိုကို! ကိုကို"
ရှောင်းကျန့်အသံကြားရာလှည့်ကြည့်လိုက်တော့အဖြူရောင်ဝတ်စုံလေးနဲ့ သူ့ကလေးငယ်
"ငယ်"
"ဟီးးဟီးးး ကိုကို "
သူ့ကိုပြုံးပြပြီးတာ့တာပြနေတဲ့ကလေးငယ်ကြောင့် ရှောင်းကျန့် ရိပေါ့်လက်ကို လှမ်းဆွဲလိုက်တော့ ရိပေါ်လက်ကိုဆွဲလို့မရပေ။
"ငယ် ကိုကို့ဆီပြန်လာပါကွာနော် လာပါငယ်ရယ်"
ငယ်ကပြုံးပြပြီးတဖြေးဖြေးသူနဲ့ဝေးသွားလေပြီ
"ငယ်ပြန်လာပါကွာ အဟင့် ငယ်မရှိရင် ကိုကို သေလိမ့်မယ် ကလေးငယ်ပြန်လာပါကွာ"
"ဟျောင့် ရှောင်းကျန့် ထ ထပါဦး"
မျက်ရည်များနဲ့ယောင်နေတဲ့ရှောင်းကျန့်ကို ကျိုးချန် နိုးလိုက်တော့မှ မျက်လုံးပွင့်လာပြီး ထထိုင်လိုက်သည်။ပြီးမှ မျက်ရည်များကိုသုတ်ကာ ရိပေါ်နားလျှောက်လာသည်။ ရိပေါ်ကုတင်ဘေးကခုံလေးမှာထိုင် ပြီးရိပေါ်လက်လေးစုပ်ကိုင်ကာဖိနမ်းလိုက်ရင်း
"ငယ် ကိုကို့ ကို အိမ်မက်ထဲကလိုမထားခဲ့ဘူးမလားဟင် ကိုကိုဆီပြန်လာမယ်မလားဟင်"
ကျိုးချန် သူ့သူငယ်ချင်းပခုံးကိုစုပ်ကိုင်ပြီးမျက်ရည်ကျမိသည်။ရှောင်းကျန့်ရာ မင်းအဲ့လောက်တောင်ချစ်တာလားကွာ။
ညနေက ရိပေါ်လက်ကိုကိုင်ရင်းအိပ်ပျော်သွားတဲ့ရှောင်းကျန့်ကို ဟောက်ရွမ်းနဲ့ကျိုးချန်က ရိပေါ်အခန်းထဲက ဆိုဖာပေါ်မှာပဲ ပြောင်းသိပ်ထားလိုက်သည်။ဟောက်ရွမ်းက သွေးတွေပေနေတဲ့ရှောင်းကျန့် အင်္ကျီလဲဖို့ရှောင်းအိမ်တော်မှာအဝတ်တွေသွားယူသည်။ကျိရန်ကတော့ ဝမ်ချင်ကို လိုက်ပို့သည်။ကျိုးချန် ကတော့ အခန်းထဲမှာပဲအစောင့်ကျန်နေခဲ့သည်။ကျိုးချန် ခနလေး ရေသွားဝယ်ပြီးပြန်လာတော့ မျက်ရည်တွေနဲ့ယောင်နေတဲ့ရှောင်းကျန့်ကြောင့်အမြန်နိုးလိုက်ရသည်။
ခနကြာတော့ဟောက်ရွမ်းပြန်ရောက်လာသည်။
"ရှောင်းကျန့် ရော့ ရေသွားချိုးလိုက်ဦး"