ရိပေါ်တို့ဟော့ပေါ့ဆိုင်ရောက်တော့ရှင်းမေ မရောက်သေးပေ။ရိပေါ်နာရီကိုကြည့်လိုက်တော့ချိန်းထားတဲ့အချိန်ရောက်ဖို့၅မိနစ်လိုသေးတယ်။ဖန်ရှင်းကရိပေါ်ကိုကြည့်ပြီး
"ရိပေါ် ဘယ်မှာလဲမင်းရဲ့ရှင်းမေ"
"လာမှာပေါ့ကွာမင်းကလဲအခုမှအစောကြီးပဲရှိသေးတာကို မင်းကဘာတွေလောနေတာလဲ"ဟုဆိုကာထိုင်ခုံတစ်ခုတွင်ဝင်ထိုင်လိုက်သည်။ဖန်ရှင်းလဲဝင်ထိုင်ပြီး
"ဟင်း!စောင့်ကြည့်ရတာပေါ့"
ရိပေါ်ဖန်ရှင်းကိုမျက်စောင်းထိုးလိုက်ပြီးစားစရာများမှာလိုက်သည်။ခဏကြာ
တော့ချိန်းထားတဲ့အချိန်ထက်နာရီဝက်လောက်ကြာနေပြီရှင်းမေရောက်မလာသေးသဖြင့်ရိပေါ်မျက်နှာသိသိသာသာပျက်နေသည်။ဖန်ရှင်းကစားသောက်နေရင်းရိပေါ်က်ိုကြည့်လိုက်ကာရိပေါ်
ကိုစိတ်မကောင်းသလို့ ရှင်းမေ ကိုဒေါသထွက်ကာ"ရိပေါ်ရာမင်းမို့အမှတ်မရှိတယ်သူဘယ်တုန်းကမင်းချိန်းရင်လာဖူးလဲ မင်းသူကိုအဆက်ဖြတ်လိုက်တော့ကွာ"
ရိပေါ်ဖန်ရှင်းကိုကြည့်လိုက်ကာ"ဖန်ရှင်းသူ မအားလို့နေမှာပါမင်းကလဲ
ငါကသူ့ကိုအရမ်းချစ်တာကွ နောက်တစ်ခါမင်းသူနဲ့ငါ့ကိုဖြတ်ဖို့ပြောရင်မင်းက်ိုအပေါင်းအသင်းမလုပ်တော့ဘူး""ဟာ....."ဖန်ရှင်းဟာတစ်လုံးကလွှဲ၍ဘာမှမပြောနိုင်ပါ။ထိုချိန်ရိပေါ်ဆီသို့ရှင်းမေဖုန်းဆက်လာသည်။
"ဟယ်လို မေ"
"အင်းရိပေါ် ငါမအားလို့မလာတော့ဘူးစောင့်မနေနဲ့တော့ ဒါပဲနော်"
ရှင်းမေ ပြောချင်တာပြောပြီးဖုန်းချသွားသည်။ဖန်ရှင်းအခြေအနေကိုစောင့်ကြည့်နေသည်။ရိပေါ်မှာဘာမှပြောပဲဖုန်းပိတ်ကာဖန်ရှင်းကိုလှည့်ကြည့်ပြီးပြုံးပြလိုက်သည်။
"မေကမအားဘူးတဲ့ငါတို့ပြန်ရအောင်"မျက်နှာမကောင်းတဲ့ရိပေါ်ကိုကြည့်ပြီးဖန်ရှင်းစိတ်မကောင်းဖြစ်ရသည်။ရိပေါ်နဲ့ဖန်ရှင်းမှာငယ်သူငယ်ချင်းတွေဖြစ်သလိုညီကိုလိုနေကြသူများဖြစ်သည်။ဖန်ရှင်းရိပေါ်ကိုစိတ်ပြေလက်ပျောက်ဖြစ်အောင်စကားဆိုလိုက်သည်။