❣️မိုးမခနှုတ်ခမ်းပါး💋
{Zhanyi}(Episode-24)(Unicode version)
ရှောင်းကျန့်ရိပေါ်ကိုဖုန်းခေါ်နေတာ အခါပေါင်းမနည်းတော့ဘူး။ဖုန်းမကိုင်တဲ့ရိပေါ်ကြောင့်ရှောင်းကျန့်စိတ်ပူနေသည်။အဲ့တာနဲ့ဝမ်အိမ်တော်ရဲ့ ဖုန်းကိုဆက်လိုက်သည်။
"ကလင် ကလင် ကလင်!!"
(ရေခဲချောင်းသည်မဟုတ်မဟုတ်ပါဘူးနော်😁😁ဟိုအရင်ကဖုန်းလာရင်မြည်တဲ့အသံမျိုးပါ)ဖုန်းလာတဲ့အသံကြားတော့ အရွက်လှီးနေတဲ့ရိပေါ်က
"ကျဲကျဲ ဖုန်းလာနေတယ် သွားကိုင်လိုက်ဦး"
"အင်းအင်း အဲ့အရွက်ကိုလှီးပြီးရေဆေးထားနော်ဝမ်လေး"
"ဟုတ်"
ဝမ်ချင် ဧည့်ခန်းထဲ က မြည်နေတဲ့ဖုန်းကိုကိုင်လိုက်သည်။
"ဟဲလို"
"ဟဲလို ဝမ်မိန်းကလေးလား"
"ဟုတ်ပါတယ် ဘယ်သူလဲမသိဘူး"
"ကျွန်တော်ရှောင်းကျန့်ပါ"
"အော် ရှောင်းသခင်လေး ဘာကိစ္စရှိလို့ပါလဲရှင့် ပါးကိုခေါ်ပေးရမလားရှင့်"
"မဟုတ်ဘူးဗျ ဟို ဝမ်လေး ဖုန်းမကိုင်လို့ ဘာများဖြစ်နေလို့လဲလို့သိချင်လို့ပါ"
"အော် ဝမ်လေး က ရှောင်းသခင်လေးကို သက်ရှည်ခေါက်ဆွဲ လုပ်ကျွေးမလို့တဲ့ ကျွန်မကို သင်ခိုင်းနေတာ အခုလဲမီးဖိုချောင်ထဲမှာပါ ခေါ်ပေးရမလားဟင်"
ဝမ်ချင်စကားကြောင့်ရှောင်းကျန့်ပြုံးမိသွားသည်။အမျိုးမျိုးချစ်ဖို့ကောင်းအောင်လုပ်နေသောကလေးငယ်ရယ်ပါဗျာ။
"အင်းတစ်ချက်လောက်ခေါ်ပေးပါ"
"ခနလေး ကိုင်ထားပေးပါနော် "
"အင်း"
ဝမ်ချင်ဖုန်းကို ခနချထားပြီး မီးဖိုချောင် ထဲ ပြန်ဝင်လာပြီး
"ဝမ်လေး ရှောင်းသခင်လေးဖုန်းလာနေတယ် သွားကိုင်လိုက်ဦး"
"အော် ဟုတ် ဟုတ် ကျဲ ဝမ်လေးလာမှ ဆက်လုပ်မယ်နော်"
"အေးပါ သွားသွား"
ရိပေါ် မီးဖိုချာင် ကထွက်လာပြီးဖုန်းကိုင်လိုက်သည်။