မိုးမခနှုတ်ခမ်းပါး
{Zhanyi}(Episode-25)(Unicode version)
"တီ တီ တီ"
မနက်ခင်းနိူးစက်အသံနဲ့အတူ ရိပေါ်အိပ်ယာမှထပြီးမျက်နှာသစ်ရန်ရေချိုးခန်းထဲသို့ဝင်သွားလေသည်။ဒီနေ့အကိုမွေးနေ့မလို့ရိပေါ်လေးစောစောထပြီးသက်ရှည်ခေါက်ဆွဲလုပ်ပြီးအကိုကိုကျွေးရမလို့။မျက်နှာသစ်ပြီးရိပေါ်ခေါက်ဆွဲလုပ်ရန်အောက်ထပ်သို့ဆင်းလာခဲ့သည်။မီးဖိုချောင်တွင်မ်က်စာပြင်နေတဲ့ဝမ်ချင်က ဒီနေ့မှထူးထူးခြားခြားစောစောထလာတဲ့ရိပေါ်ကြောင့်နာရီကိုကြည့်လိုက်ပြီး"ဝမ်လေး အခုမှ၆နာရီပဲရှိသေးတယ်လေ"
"ဟီးးးကျဲ ဝမ်လေး ခေါက်ဆွဲလုပ်မလို့ စောစောထတာ "
"အော် အေးပါကွယ် ကျဲသင်ပေးထားတဲ့အတိုင်း အကောင်းဆုံးလုပ်ကျွေးလိုက်နော်ဝမ်လေး"
"ဟုတ်ကဲ့ကျဲ ဝမ်လေးအကောင်းဆုံးလုပ်ကျွေးမှာ"
ရိပေါ်ပြောပြီးခေါက်ဆွဲချက်ရန်ပြင်ဆင်တော့သည်။ဝမ်ချင်လဲ တက်ကြွနေတဲ့ သူ့မောင်ကို ကြည့်ပြီး
*အရင်ကဆို ဖုန်း ကြည့်ပြီး တမှိုင်မှိုင်တတွေတွေ နဲ့ အခုတော့လဲတက်ကြွနေလိုက်တာများ *
ရိပေါ်ကတော့ ခေါက်ဆွဲတွေကြိုးစားပန်းစားလုပ်နေလေရဲ့။ရိပေါ်ခေါက်ဆွဲလုပ်ပြီးဘူးလေးတွေထဲထည့်ပြီးတော့အချိန် က ၇နာရီ ခွဲ။ရိပေါ်ကုမ္ပဏီသွားဖို့ပြင်ရတော့မည်။အိမ်ပေါ်ပြေးတက်ရန်ပြင်နေတဲ့ရိပေါ်ကို ဝမ်ချင်က
"ဝမ်လေး မနက်စာ စားတော့လေ"
"ဟင့်အင်းကျဲ ဝမ်လေး ရေသွားချိုးဦးမယ် ပြီးမှပါးတို့နဲ့တူတူစားမယ်"
"ကောင်းပြီ ကောင်းပြီ ရေမြန်မြန်ချိုးနော် ရေနွေးနဲ့စပ်ချိုး ဖျားမယ်ဝမ်လေး"
"ဟုတ်ကဲ့ကျဲ "
ပြောပြီးအခန်းထဲသို့ပြေးဝင်သွားလေသည်။အခန်းထဲရောက်တော့ဖုန်းကိုယူပြီးပြတင်းပေါက်နားမှာရပ်လိုက်ပြီးရှောင်းကျန့်ဆီဖုန်းခေါ်လိုက်သည်။
"အင်းးးဟဲလို"
အိပ်ယာထဲကမထသေးတဲ့အသံဖြင်ထူးလာတာကြောင့်ရိပေါ်က