"ဟင်"
ဖုန်းscreenပေါ်က မက်ဆေ့တစ်ကြောင်းကိုကြည့်ပြီးရိပေါ်အံ့ဩသလို့ဘာစာမှပြန်မပို့နိုင်အောင်ကြောင်နေမိသည်။ရိပေါ်လက်ထဲကဖုန်းတုန်ခါလာမှသတိပြန်ဝင်လာခဲ့သည်။ရိပေါ်ဖုန်းကိုင်လိုက်သည်။"ဟဲလို"
"....."
"ဟဲလို ဘယ်သူလဲမသိဘူး"ဖုန်းနံပါတ်စိမ်းတစ်ခုဖြစ်ေနလို့ဝမ်ရိပေါ်မေးလိုက်ရာ
"ငယ်"
"......"
"ငယ်လက်စွပ်သဘောကျရဲ့လား"
"ခင် ခင်များကဘယ်သူလဲ ငယ်ကဘယ်သူလဲ ကျွန်တော့်နမည်ဝမ်ရိပေါ် ငယ်မဟုတ်ဘူး"
"ဟ ဟ စွာလိုက်တာငယ်ရယ် "
"ဒီမှာခင်များကိုပြောပြီးပြီ ကျွန်တော်ငယ်မဟုတ်ဘူး ရိပေါ် ဝမ်ရိပေါ် ခင်များလက်စွပ်ကိုပြန်ေပးမယ်မနက်ဖြန်လာယူ"
"မနက်ဖြန်ကိုယ်မအားဘူးကွ ဒီလိုလုပ်ငယ်အဲ့လက်စွပ်ကိုခဏသိမ်းထားပေးကိုယ်အဆင်ပြေတဲ့နေ့လာယူမယ်"
*ဟာဗျာရှုပ်ရှုပ်ယှက်ယှက်"
"လုပ်ပါငယ်ရယ်နော် နော် "
အသံအောအောကြီးချွဲနေတာရိပေါ်မခံနိုင်သဖြင့်
"ကောင်းပြီကောင်းပြီ အသံကြီးနဲ့မှမလိုက်ဗျာ"ရိပေါ်စကားကြောင့်ရှောင်းကျန့်ရီမိသည်။"ဟား ဟားး"
"ဘာရီတာလဲ"
"ထားပါတော့ ငယ်အိပ်တော့လေ မိုးအရမ်းချုပ်နေပြီ"
နာရီကိုကြည့်လိုက်တော့၁၂နာရီပင်ထိုးတော့မည်။ရိပေါ်ရှောင်းကျန့်ကို
"အင်းအိပ်တော့မယ် "ဟုဆိုကာဖုန်းချလိုက်သည်။ရှောင်းကျန့်ကတော့ပြုံးလိုက်ပြီးမက်ဆေ့တစ်ကြောင်းထပ်ပို့လိုက်သည်။"Goodnight ငယ် "
ရိပေါ်ဝင်လာတဲ့မက်ဆေ့ကိုကြည့်ပြီးမပြုံးမိဘူးဟုပြောလျှင်ရိပေါ်ညာတာ ရိပေါ်ပြုံးမိသည်။ထိုနောက်သူဝမ်းနည်းစွာနဲ့ ရှင်းမေဆီမက်ဆေ့ပို့လိုကါသည်။
"Goodnight ရှင်း ချစ်တယ်အရမ်းပဲ"
ပြန်စာမရတဲ့မက်ဆေ့boxတစ်ခုလုံးဟာဆိုရင်ရိပေါ်တစ်ယောက်ထဲပို့ထားသလားအောင်းမေ့ရတယ်။ ရှင်းမေဘက်ကတစ်ခွန်းမှပြန်မပို့ခဲ့။ရိပေါ်တစ်ယောက်မျက်စိအစုံမှိတ်ကာအိပ်ပစ်လိုက်သည်။သူရဲ့အိမ်မက်ကမ္ဘာလေးထဲမှာတော့မှဲ့နက်လေးနဲ့နှုတ်ခမ်းပါးကသူ့အားကြင်ကြင်နာနာနမ်းရှိုက်နေခဲ့သည်။