(Unicode version)
❣️မိုးမခနှုတ်ခမ်းပါး💋
{Zhangyi}(Episode-18)"ပထမဆုံးကုမ္ပဏီ ရဲ့ ငွေယိုပေါက် ဟုတ်လား ကောင်းပြီ ကျွန်တော် CEO Xiao က ကုမ္ပဏီတစ်ခုလုံးကို သူ့ဌာန နဲ့ သူ အုပ်ထိန်းသူ အရာရှိတွေ ချပေးထားပြီးသား အဲ့တော့ ကုမ္ပဏီ တစ်ခု လုံးရဲ့ ငွေယိုပေါက် ဖြစ်တာက အဲ့လို ဌာနသေးသေးလေးတွေ က စဖြစ်တာပဲမဟုတ်ဘူးလား သက်ဆိုင်ရာ ဌာနတွေ ရဲ့အကြီးအကဲ တွေ ပြော ပါဦး ခင်များတို့ လစဉ် ကုမ္ပဏီ ကို ပေးတဲ့ ငွေစာရင်း နဲ့ ကုမ္ပဏီ က ထုတ်ယူတဲ့ငွေစာရင်းက ကွာခြားနေရတဲ့ အကြောင်းအရင်းလေး ပြောပြကြပါ ကျွန်တော်အချိန် ငါးမိနစ်ပေးမယ်ဗျာ အခုကစပြီ"
ရှောင်းကျန့်ပြောပြီး ခုနကလိုခုံကိုပြန်မှီလိုက်သည်။ရှယ်ယာရှင် တွေက ဘာမှမပြောပေမဲ့ ဌာနမှူးတွေကတော့တီးတိုးတီးတိုးနဲ့တိုင်ပင်နေကြသည်။ကျိုးချန် ကလဲ အကုန်သိထားသဖြင့်မတ်တပ်သာရပ်နေမိသည်။ရိပေါ်ကတော့ သူ့အပြစ်ကျနေတဲ့ကိစ္စကြောင့်မျက်ရည်တွေဝဲကာတစ်ကိုယ်လုံးတုန်နေသည်။
ရိပေါ်တွေးနေရင်းမျက်ရည်တွေဝိုင်းလာပြီးမကျအောင်ထိန်းထားပေမဲ့ မျက်ရည် က ထိန်းမရဘဲ ကျသွားသည်။ ရိပေါ် က ရှောင်းကျန့်ဘေးမှာရပ်နေပြီး ရှောင်းကျန့်က လက်ကို ဘေးကိုဆန့်ထုတ်ထားတာမလို့ ရိပေါ်ရဲ့မျက်ရည် က သူ့လက်ပေါ်ကျသွားသည်။ရှောင်းကျန့်လဲ လက်က စို လာသဖြင့် ဘေးကိုလှည့်ကြည့်လိုက်တော့ မျက်ရည်တွေနဲ့တုန်နေတဲ့သူ့ကလေးငယ်။ရှောင်းကျန့်လဲရိပေါ့်မျက်ရည်တွေကိုမြင်ပြီး ဒေါသထွက်လာကာ ခုံကိုအားနဲ့ရိုက်ချလိုက်သည်။
"ဒုန်းး💥"
ရှယ်ယာရှင်တွေရော ဌာနအသီးသီးကဌာနမှုးတွေပါ
အကုန်သူ့ကိုလှည့်ကြည့်လာသည်။ရိပေါ်လဲ လန့်ပြီးတုန်သွားသည်။"ခင်များတို့ မသိဘူးမလား ကောင်းပြီ သိအောင်ပြောပြမယ် ခင်များတို့တွေ ကိုယ့်သက်ဆိုင်ရာ ဌာနတွေကိုကြည့်ပြီးပြီလား။ ခင်များတို့ လက်အောက်က ဆိုင်အခြေအနေတွေကိုရော ခင်များတို့သိလား"
ရှောင်းကျန့်ကဌာနမှုးတွေကိုကြည့်ပြီးပြောတော့ခေါင်းကိုငုံ့ထားကြလေရဲ့။ရှောင်းကျန့်က