ရှောင်းကျန့်တစ်ယောက် ကျိုးချန် ကိုကြည့်ပြီးရီချင်စိတ်ကိုမနည်းထိန်းထားရသည်။ဘယ်နှယ့်ဗျာ ရုပ်ကြမ်းကြီးနဲ့နွဲ့နေလိုက်တာများ ရွံ့စရာကြီး ။ ကျွန်တော့်အသက်လေးနဲ့များကွာပါ့။ ကျွန်တော့်အသက်လေး က ပါးဖောင်းဖောင်းလေး ၊အသဲပုံနှုတ်ခမ်းလေး ၊ ဖြူဥနေတဲ့ခြေသလုံးလေး၊ ကောညွှန့်နေတဲ့မျက်တောင်လေး ကျွန်တော့်အသက် လှကြောင်းပြောရရင် ဒီတစ်သက်ကုန်မှာမဟုတ်ဘူးဗျ။ ကျွန်တော့်အသက်လေးကအဲ့လိုချစ်ဖို့ကောင်း သလောက် လုပ်လိုက်ရင်လဲအလွှဲတွေချည်းပဲဗျာ။ဟင်းးးးးခင်များတို့သိအောင်ကျွန်တော်ညကျမှပြောပြတော့မယ်။ အခုတော့ဘေးက ဂျပန်သရဲလိုမျက်နှာနီကြီးကိုအရင်ပြင်ခိုင်းရဦးမယ်မဟုတ်ရင်ကျွန်တော်အန်မိတော့မယ်။(ရှောင်းကောရေအဲ့တာခင်များသူငယ်ချင်းပါနော်ပြောချက်တွေကလဲ🥴🥴)
"အဟမ်း သူဌေးရှီးချန် "
ရှောင်းကျန့်နောက်တစ်ကြိမ်ခေါ်လိုက်မှရှီးချန်သတိရလာပြီး
"အာ ဟုတ်ကဲ့ အဲ့တာဆိုလဲ မနက်ဖြန်မှပဲ ကျွန်တော်CEO Xiao ကုမ္ပဏီ ကိုလာခဲ့ပါတော့မယ်ဗျ"
"ဟုတ်ကဲ့ပါဗျ အဲ့တာဆိုကျွန်တော်တို့ကိုသွားခွင့်ပြုပါဦးဗျ"
"ကောင်းပါပြီဗျ"
ရှောင်းကျန့်လဲနှုတ်ဆက်ပြီးဆိုင်ထဲမှထွက်လာခါနီးသူရင်းနှီးတဲ့အရိပ်လေး ပြောရရင်ကျွန်တော့်အသက်လေး ။ ကျွန်တော် သွားဖို့မရည်ရွယ်ပါဘဲနဲ့ ကျွန်တော့်ခြေလှမ်းတွေက အသက် ရှိရာ သို့ လှမ်းနေမိသည်။ကျွန်တော့်အသက်လေး ကတော့ကျွန်တော့်ကိုမမြင်ဘဲ သူ့ငယ်ချင်းနဲ့ စကားပြောကာရီမောနေတယ်လေ။
"ငယ်"
ကျွန်တော်ခေါ်လိုက်တော့ အံ့ဩမှုနဲ့ပြည့်နှံ့နေတဲ့လှပတဲ့မျက်ဝန်းတစ်စုံက ကျွန်တော့် ကိုပြန်ကြည့်လာပြီးချိုသာတဲ့နှုတ်ဖျားမှကြားလိုက်တာက
"အကို"တဲ့။"ငယ် ပြောတော့ သွားစရာရှိတယ်ဆို"
"ဟုတ်တယ်လေ ဒီမှာ သူခေါ်လို့ လာတာ"
ငယ် လက်ညိုးရာကြည့်မိတော့
"အားလင်!"
"လေးလေး!"