ကျန်းချန် လဲရှင်းမေ ထွက်သွားမှ ပြန်ဝင်လာတော့
"အဟမ်း! ဘယ်လိုတွေဖြစ်နေကြတာလဲ တကယ်ထဲမှပဲ ရုံးခန်းဆိုတာလဲသတိရဦး"
ရိပေါ်လဲ ကျန်းချန် ဝင်လာမှသတိရပြီးရှောင်းကျန့်ပေါင်ပေါ်ထချင်သောလဲ
ခါးတွင်တင်းနေအောင်ဖက်ထားသောရှောင်းကျန့်လက်ကြောင့်ထမရ။ရိပေါ် ရှောင်းကျန့်ကိုမျက်စောင်းထိုးပြီး"အကို လက်မလွှတ်သေးဘူးလား "
"မလွှတ်ဘူး"
"ဟာ..အကိုဗျာ လွှတ်ပေး "
"နိုးပါ ကိုယ့်ကိုအဖြေပေးရင်လွှတ်ပေးမယ်"
"ဒီနေ့မှဖွင့်ပြောတာကိုအခုအဖြေပေးစရာလား ကျွန်တော်စဉ်းစားပါဦးမယ်ဆိုဗျာ"
"ကိုယ်ကိုအကြာကြီးမစဉ်းစားပါနဲ့နော်"
ပြောလာတဲ့ရှောင်းကျန့်ကြောင့်ရိပေါ်သက်ပြင်းချကာ
"ဟင်းးးးအင်း အင်း အခု လောလောဆယ်လက်လွှတ်တော့"
"တကယ်နော်"
"အင်း"
ရှောင်းကျန့် လဲရိပေါ်ပါးကိုတစ်ချက်နမ်းပြီးခါးကလက်ကိုလွှတ်ပေးလိုက်သည်။ရိပေါ်မှာရှောင်းကျန့် ကြောင့် ထဖို့ပင်ပြန်မေ့လျော်နေခဲ့သည်။ပြီးမှ ရိပေါ်သတိရကာ မျက်နှာတစ်ခုလုံးနီရဲ ကာ ရှောင်းကျန့် ရင်ဘက်ကိုရိုက်ပြီး
"ဘာလို့လာနမ်းတာလဲ"
ဆိုကာအခန်းအပြင်သို့ထွက်ပြေးသွားလေသည်။ရှောင်းကျန့်လဲခေါင်းခါလျက်ပြုံးနေသည်။ပြီးမှသူ့ကိုတစ်ယောက်ယောက် စိုက်ကြည့်နေသလိုခံစားရတာနဲ့ထိုင်ခုံကိုကြည့်လိုက်တော့ ကျန်းချန် ၏လှပသည့်မျက်စောင်းလှလှလေးနဲ့ဆုံတော့သည်။
"အဟမ်း မင်းအလုပ်မလုပ်ဘဲအဲ့မှာဘာထိုင်လုပ်နေတာလဲ"
"အောင်မာ ငပြူး ကလာပြဲနေတယ် မင်းကိုစောင့်နေတာလေ လဒ ရဲ့ ငါကိုရှိတယ်တောင်မထင်ဘဲ ဝမ်လေးထွက်သွားတာ ကို နွားပြာကြီးအောက်သွားမရှိလို့ပြုံးစိစိလုပ်ပြီးကြည့်နေပြီးတော့"
"ဟဲ ဟဲ မင်းကလဲကွာ"
"လာဖြဲပြမနေနဲ့ "
ကျန်းချန်စကားကြောင့်ရှောင်းကျန့်ပါးစပ်ကိုလက်နဲ့အုပ်လိုက်သည်။ကျန်းချန်လဲစိတ်ပျက်စွာခေါင်းခါမိသည်။ဒါလား တည်ငြိမ်ပါတယ်ဆိုတဲ့Xiao Group ရဲ့ CEO Xiao ။
__________________________________