"ရိပေါ်"
ဖန်ရှင်းခေါ်လိုက်သဖြင့်ရိပေါ်လှည့်ကြည့်လိုက်သည်။
"ရှင်းမေ ကရော"
ရိပေါ့်မျက်နှာမှာတင်းမာသွားသည်ကိုဖန်ရှင်းမြင်လိုက်သည်။
"ဘာဖြစ်တာလဲရိပေါ် "
"ပြတ်ပြီ"
"ဘယ်လိုဖြစ်တာလဲ"
"သူကငါ့ကိုအစထဲကမချစ်ခဲ့ဘူးတဲ့"
"ဘာ ကျစ် ငါပြောသားပဲ"
"သူကငါထက်မနေ့တစ်နေ့ကမှသူနဲ့တွေ့တဲ့လူကိုချစ်နေတာ"
"ဟင် ဘယ်သူလဲ မင်းသိတာလား"
"ငါရဲ့သတို့သားလောင်းရှောင်းကျန့်ကိုတဲ့"
"ဟင်"
ဖန်ရှင်းခဏတာစွံ့အသွားသည်။ရိပေါ်ကတော့နာကျင်သောမျက်လုံးများဖြင့်စမ်းချောင်းလေးကိုသာစိုက်ကြည့်နေသည်။သူတို့နှစ်ယောက်ရဲ့တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သည်မှာရိပေါ်ဖုန်း၏မက်ဆေ့သံပင်ဖြစ်သည်။"တင်"
ရိပေါ်မက်ဆေ့သံကြား၍ဖွင့်ကြည့်လိုက်ရာ
"ငယ်
နေ့လည်စာစားပြီးပြီလား အစားကိုအချိန်မှန်စားနော်ငယ် ကျန်းမာရေးဂရုစိုက်
ချစ်တယ် မြတ်နိုးတယ်ငယ်"ရိပေါ်မက်ဆေ့ကိုကြည့်ပြီးသူမသိလိုက်ခင်မှာပဲပြုံးမိသွားသည်။ဖန်ရှင်းကတော့
"ရိပေါ် ဘယ်သူမလို့အဲ့လောက်ပြုံးနေတာလဲ"
"ဟို လူကြီး"
"ဘယ်လူကြီးလဲ"
"ငါ့ကိုလက်စွပ်ပေးတဲ့လူကြီး"
"ဟမ် အဲ့လူကိုမင်းသိသွားပြီလား ဘယ်သူလဲ"
"လူကိုတိတိကျကျမသိပေမဲ့ သူကငါ့ကိုဖုန်းလဲဆက်တယ် မက်ဆေ့လဲအချိန်မှန်ပို့တယ်ကွ ပြီး ပြီးတော့"
ရိပေါ်စကားကိုရပ်လိုက်သဖြင့်ဖန်ရှင်းက
"ပြီးတော့ဘာဖြစ်လဲ"
"ဟိုပြီးတော့ "
"သတောင်းစားရယ်မြန်မြန်ပြောပါဟ"
"မင်းကလဲကွာပြောမှာပေါ့ ငါကို ချစ်တယ်တဲ့"
"ဘာ ဘယ်ကမှန်းမသိတဲ့လူကမင်းကိုချစ်တယ်လို့ပြောတယ်ဟုတ်လား"