"အဟမ်း ဟို ဝမ်လေး wang သခင်ကြီးရော မပါဘူးလား"
ရှောင်းကျန့်အမေးကြောင့်ကျိုးချန်ခေါင်းကြီးသွားသည်။ဘယ်နှယ့်ဗျာ ဝမ်သခင်ကြီးကိုဘေးထားပြီးဝမ်သခင်ကြီးမပါဘူးလားတဲ့။
"ရှောင်းကျန့် မင်းဘေးမှာရပ်နေတာ Wang သခင်ကြီးလေ"
"အာ အန်ကယ် သွေ့ သွေ့ပုချီ ကျွန်တာ်မမြင်လိုက်လို့"
wangသခင်ကြီးကပြုံးစစနဲ့ခေါင်းငြိမ့်ပြီး
"ရှောင်းကျန့်က အန်ကယ်ကိုမမြင်ဘဲ ဝမ်လေးကိုပဲမြင်တာလား"
ရိပေါ်က
"ပါး!!"
ရိပေါ်တော်တော်ရှက်နေပြီ။ပါးနှစ်ဖက်ကလဲခရမ်းချဥ်သီးရဲ့အဖေကတောင် အဖေလို့ခေါ်ရအောင်ကိုနီနေပြီ။wang သခင်ကြီးက
"အဲ့တာဆိုရင်ရှောင်းကျန့် အန်ကယ် ဝမ်လေးကို မင်းလက်ထဲအပ်ပါတယ် ဝမ်လေးကို ဆိုးရင်လဲဆုံးမနိုင်ပါတယ်"
ဝမ်ပါးစကားကိုရိပေါ်အလိုမကျသဖြင့်
"ပါး ဝမ်လေးက ဆိုးနေလို့လားလို့"
"ဟ ဟ ပါးကကြိုတင်ပြောထားတာပါဝမ်လေးရယ် ရှောင်းကျန့် အန်ကယ်အပ်တယ်နော်"
ရှောင်းကျန့် တစ်ယောက်ဝမ်ပါးပြောတာလဲမကြားလောက်အောင်မျောနေသည်။အရှေ့က နှုတ်ခမ်းလေးဆူနေတဲ့အစိမ်းလုံးလေးကိုကြည့်ပြီး ရှောင်းကျန့် အသက်ရှုဖို့ပင်မေ့နေလေသည်။ကျိုးချန်ကရှောင်းကျန့်ခြေထောက်ကစားပွဲအောက်ကလှမ်းကန်လိုက်သည်။ထိုအခါမှသတိဝင်လာပြီး
"အာ ဟုတ် ဟုတ်ကဲ့ပါအန်ကယ်"
ရှောင်းကျန့်ကိုကြည့်ပြီးဝမ်သခင်ကြီးကပြုံးပြီးကျိုးချန်ကတော့မနိုင်ဘူးဟုစိတ်ထဲမှာေပြာပြီးခေါင်းခါနေမိသည်။
"ကဲ အဲ့ဒါဆို ပါးပြန်တော့မယ် ဝမ်လေး အလုပ်ကိုသေချာသင်နော် ရှောင်းကျန့်အန်ကယ်ပြန်ဦးမယ်"
"ဟုတ်ကဲ့ပါအန်ကယ်ဂရုစိုက်ပါ"
ဝမ်ပါးထွက်သွားတော့မှ ကျိုးချန် ရှောင်းကျန့်ခေါင်းကိုခပ်ပြင်းပြင်းလေးအုပ်လိုက်သည်။