ရှောင်းကျန့်ကော်ဖီဆိုင်ရောက်တော့ဝမ်ပါးရောက်နှင့်နေပြီဖြစ်သည်။ဝမ်ပါးကရှောင်းကျန့်ကိုလက်ပြကာ
"ရှောင်းကျန့် အန်ကယ်ဒီမှာ"
ရှောင်းကျန့်ခေါင်းငြိမ့်ပြပြီးဝမ်ပါးရှိရာစားပွဲတွင်ဝင်ထိုင်လိုက်ပြီး
"ကျွန်တော်နောက်ကျသွားတာလားအန်ကယ်"
"မဟုတ်ပါဘူးကွယ် အန်ကယ်စောစောရောက်နေတာပါ"
"အော် ဟုတ် အန်ကယ် ဘာကိစ္စများရှိလို့လဲဗျ အအလုပ်ကိစ္စတော့မဟုတ်လောက်ဘူးထင်တယ်"
ရှောင်းကျန့်စကားကြောင့်ဝမ်ပါးပြုံးလိုက်ပြီး
"ရှောင်းကျန့် အောင်မြင်တာလဲမပြောနဲ့ အခြေအနေကိုခန့်မှန်းတက်တာပဲ"
ရှောင်းကျန့်ပြုံးလိုက်သည်။ဝမ်ပါးကဆက်ပြီး
"အန်ကယ်အကူအညီတောင်းစရာရှိလို့ပါ အင်းးးးအကူအညီဆိုတာထက်တောင်းဆိုစရာရှိတာပါ"
"ဟုတ်အန်ကယ်ပြောပါ"
ဝမ်ပါးစကားပြောရန်ပြင်လိုက်ချိန် ကော်ဖီလာချပေးသည့်စားပွဲထိုးကြောင့်မပြောဘဲရပ်လိုက်သည်။စားပွဲထိုးကော်ဖီချပေးပြီးထွက်သွားတော့မှ ဝမ်ပါးက
"ဟို ရှောင်းကျန့် ကုမ္ပဏီမှာ ဝမ်လေးကို အလုပ်လုပ်ခိုင်းချင်လို့ပါ"
"အာ ဘာများလဲလို့အန်ကယ်ရယ်...
ရတာပေါ့ ဝမ်လေး ဆန္ဒရှိရင်ပေါ့""အင်း အဲ့ဒါဆို ရှောင်းကျန့် ဝမ်လေးကို သင်ပြပေးပါဦးနော်မသိတာလေးတွေ"
"ဟုတ်ကဲ့ပါအန်ကယ် ကျွန်တော်ဝမ်လေးကိုသင်ပေးလိုက်ပါ့မယ်"
ဝမ်ပါးခေါင်းငြိမ့်ပြီးရှေ့တွင်ရှိသောကော်ဖီခွက်ကိုသောက်လိုက်သည်။ရှောင်းကျန့်ကဆက်ပြီး
"ဟို အန်ကယ် ကျွန်တော်ဘက်ကလဲ တောင်းဆိုစရာလေးရှိလို့ပါ"
"ပြောပါ ရှောင်းကျန့် အန်ကယ်ကူညီနိုင်ရင်ကူညီပေးပါ့မယ်"
"ဟို ကျွန်တော်လေ ဟို "
ရှောင်းကျန့်ပြောရန်ခက်ခဲနနေသည်ကိုကြည့်ပြီးဝမ်ပါးက