မိုးမခနှုတ်ခမ်းပါး
{Zhanyi}(Episode-33)ရှောင်းကျန့်တို့ဂိုထောင်ကိုရောက်တော့ လက်နှစ်ဖက်ကိုကြိုးနဲ့တွဲလောင််ချီထားပြီး မျက်နှာတစ်ခုလုံးစုပ်ပြတ်သက်နေကာသတိမေ့နေတဲ့ ရှင်းယွမ့် ကိုမြင်တော့ ရှောင်းကျန့်က လက်မလေးထောင်ပြပြီး
"ငါ့သူငယ်ချင်း မိုက်တယ်ကွာ ဒါမဲ့ပျော်စရာမကောင်းသေးဘူး တစ်ယောက်ကျန်သေးတော့လေ"
"မကြာပါဘူးကွာ ၅မိနစ် ပဲစောင့်"
ဟောက်ရွမ်းစကားကို အိုကေ ဆိုတဲ့ပုံစံနဲ့ လက်ထောင်ပြပြီး ရှင်းယွမ့်ဆီလျှောက်သွားသည်။ရှောင်းကျန့်
ရှင်းယွမ့် နားရောက်တော့ သတိမေ့တဲ့ရှင်းယွမ့်မျက်နှာကို ဆားရေ နဲ့ပက်လိုက်သည်။"အား!!!!!!!!!!"
မျက်နှာကဒဏ်ရာတွေကိုဆားရေ ပက်လိုက်တော့ သေမတက်ခံစားရတဲ့နာကျင်မှုကြောင့် ရှင်းယွမ့်အော်မိသည်။ရှောင်းကျန့်က သဘောကျစွာရီလိုက်ပြီး
"ဘယ်လိုနေလဲ ခံစားလို့ကောင်းလားရှင်းယွမ့်"
ရှင်းယွမ့် ရှောင်းကျန့် ကိုမော့ကြည့်ပြီး
"ရှောင်း...ကျန့်.. မင်းး"
ရှောင်းကျန့် ခေါင်းလေး ငြိမ့်ပြပြီး
"အေး ငါပဲ မင်းသံတုတ်နဲ့ ရက်ရက်စက်စက် ရိုက်လိုက်တဲ့ ဝမ်ရိပေါ် ရဲ့ ချစ်သူလေ.....!!!!"
*ဒုတ်*
"အား!!!!!!!!"
ရှောင်းကျန့် ပြောရင်း ရှင်းယွမ့်ရဲ့ ဒူးခေါင်း ကို သံတုတ်နဲ့ရိုက်ချလိုက်ခြင်းဖြစ်သည်။
"နာတက်လား မင်းလို့ ကောင်တောင်နာတက်ရင် ငါ့ကလေးငယ်ဆို ဘယ်လောက်နာလိုက်မလဲ ဟမ်!!! အစထဲ က သူ့ကိုမထိဖို့ ငါမင်းကိုသတိမပေးထားဘူးလား"
"ရှောင်း ရှောင်းကျန့် ငါ ငါတောင်းပန်ပါတယ်ကွာ နော်"
"ဘာ တောင်းပန်တယ်ဟုတ်လား ဟားးးးဟားးးး မင်းတောင်းပန်တော့ရောဘာဖြစ်လာမှာမလို့လဲ ငါ့ကလေးငယ် အရင်လိုပြန်ကောင်းလာမှာမလို့လားကွ!!!"
*ဖြောင်း*
ရှောင်းကျန့်ပြောရင်းရှင်းယွမ့် မျက်နှာကို လက်သီးနဲ့ထိုးလိုက်သည်။ရှင်းယွမ့် ကိုထိုးလို့ပေသွားတဲ့သွေးတွေကို တစ်ရှူးနဲ့အသာ သုတ်ရင်း