မိုးမခနှုတ်ခမ်းပါး
{zhanyi}(Episode-35)[Final]တစ်ပတ်ကြာတော့ရိပေါ် လမ်းကောင်းကောင်းပြန်လျှောက်နိုင်နေပြီ။ဒီနေ့ ငယ်က ဝမ်အိမ်တော်ကိုသွားချင်တယ်ဆိုလို့ ကျွနိတော် ကုမ္ပဏီမသွားခင်ဝင်ပို့လိုက်သည်။ဝမ်အိမ်တော်ရောက်တာနဲ့ ကားပေါ်ကနေပြေးဆင်းတဲ့ငယ်ကြောင့်
"ငယ် ဖြေးဖြေးဆင်းလေ ချော်လဲမယ်"
"ကိုကို ကလဲ ပါးကိုလွမ်းလို့ပါ ဟီးဟီးး"
သူ့ကိုဆူမှာစိုးလို့ မျက်နှာချိုသွေးနေတဲ့ကောင်လေးကြောင့် ရှောင်းကျန့်နမ်းချင်စိတ်ကိုချုပ်ထိန်းထားပြီး
"အဲ့တာနဲ့အရမ်းပြေးဆင်းတယ်ပေါ့ ဗိုက်ထဲမှာ ကလေး ရှိသေးတယ်လေ သတိထားမှပေါ့ငယ်ရယ်"
မျက်နှာငယ်လေးနဲ့ရှေ့တိုးလာပြီးရှောင်းကျန့်နှုတ်ခမ်းလေးကို လာနမ်းပြီး
"ကိုကို ကလဲ မဆူပါနဲ့နော် နောက်သတိထားပါ့မယ်နော် စိတ်မဆိုးပါနဲ့နော် နော်လို့ မွ မွ"
သူ့ကိုစိတ်မဆိုးရက်တဲ့ကိုယ့်ကို စိတ်ဆိုးနေတယ်ထင်ပြီးချော့နေလေရဲ့။တကယ့်ချစ်စရာလေးပါဗျာ။ရှောင်းကျန့် ရိပေါ့်နဖူးလေးကို နမ်းလိုက်ပြီး
"ကိုယ်ဘယ်တုန်းက ငယ့်ကို စိတ်ဆိုးဘူးလို့တုန်းဗျ"
"ဟီးးဟီးး အာဘွားကိုကို ညနေရုံးကပြန်လာရင်ဝင်ခေါ်နော်"
ရှောင်းကျန့်ခေါင်းလေးငြိမ့်ပြတော့ တာ့တာပြပြီး ပါးဟုတကြော်ကြော်အော်ကာ အိမ်ထဲကိုဝင်သွားလေသည်။ရှောင်းကျန့်ခေါင်းခါပြီးပြုံးလိုက်မိသည်။ရှောင်းကျန့် ကုမ္ပဏီရောက်တော့ ကျိုးချန် က
"ဝမ်လေး အဆင်ပြေသွားပြီလား"
"အင်း"
"ဒါဆို ဟိုဟာလုပ်တော့မလား"
ရှောင်းကျန့်ခနစဉ်းစားလိုက်ပြီး
"အင်း ဒီညလုပ်မယ် အခုထဲသွားလုပ်ထားရအောင်"
"အေး သွားတာပေါ့ မင်းတို့တိုက်ခန်းမှာပဲလုပ်မှာမလား"
"အေး ဝမ်လေးကိုသူ့ပါးဆီပို့ထားတယ်"