❣️မိုးမခနှုတ်ခမ်းပါး💋
(Part-17){Zhanyi}ရှောင်းကျန့်ညစာစားပြီးတော့အားလင်ကို
"အားလင် စောစောအိပ်နော် မနက်သင်တန်းသွားရဦးမယ်မလား"
"မနက်ဖြန်ပိတ်တယ်လေးလေး ဒါပေမဲ့ ကိုကို နဲ့တော့လျှောက်လည်မလို့"
ရှောင်းကျန့်အားလင် ကိုမျက်စောင်းထိုးကာ
"ငါကတော့မင်းတို့ကိုသဘောပါတယ် မင်းပါးနဲ့မား ကိုတော့ အသိပေးသင့်တယ်လို့ လေးလေး ထင်တယ်"
"ဟုတ် ပါးနဲ့မား လေးလေး မွေးနေ့အတွက်မနက်ဖြန်လာမယ်တဲ့ အဲ့ကျရင်သားမိတ်ဆက်ပေးလိုက်ပါ့မယ်"
"အင်း အင်း မနက်ဖြန်သွားရင်လဲ ဂရုစိုက်ဦး နောက်မကျစေနဲ့"
"ဟုတ်လေးလေး ကိုကို နဲ့ သဘောတူပေးလို့ကျေးဇူးတင်ပါတယ်လေးလေး"
"ရတယ် မင်းတို့သာ အဆင်ပြေရင်ပြီးရော နောက်မှဟိုဟာဒီဟာမကြားချင်ဘူး"
"ဟုတ်လေးလေး"
ရှောင်းကျန့်အားလင်ကိုခေါင်းငြိမ့်ပြပြီး
"လေးလေး အပေါ်တက်တော့မယ်"
"ဟုတ်လေးလေး"
ရှောင်းကျန့်လဲအားလင်ကိုပြောပြီးအပေါ်တက်လာပြီးလသာဆောင်ဘက်ထွက်လာခဲ့သည်။ပြီးတော့သူရဲ့အသက်ဆီဖုန်းခေါ်ရပြန်သည်။ကျွန်တော်ရဲ့ တစ်နေ့တာက ငယ့်အသံနဲ့စသလို ငယ့်အသံလေးနဲ့ပဲ အဆုံးသတ်တယ်ဗျ။ကျွန်တော်အရမ်းကြည်နူးမိတယ် ကျွန်တော်ဘဝရဲ့အထီးကျန်မှုတွေ က
ငယ့်အသံလေးကြားလိုက်ရင် နဲ့ အကုန်ပျောက်သွားတယ်။ကျွန်တော့်ဘဝကြီးပြည့်စုံသွားသလိုပါပဲဗျာ။ရိပေါ်ညစာစားပြီးထဲ ဖုန်းကိုလက်ထဲကမချနိုင်ဖြစ်နေသည်။ပါးပါး ၊ မမ တို့နဲ့ အတူတူ TVကြည့်နေသောလဲ စိတ်ကဖုန်းဆီပဲရောက်နေသည်။*အဲ့ က်ိုကို ပြောတော့ထမင်းစားပြီးဖုန်းခေါ်မယ်ဆိုပြီးအခုထိမဆက်သေးဘူး ကြည့်နေ ဆက်လာကြည့် မကိုင်ဘဲ စိတ်ကောက်ပစ်ဦးမယ်*
ဝမ်ပါးကတော့ သူသား ဖုန်းကိုကြည့်ပြီးနှုတ်ခမ်းဆူနေတာကြည့်ပြီးပြုံးနေမိသည်။