❣️မိုးမခနှုတ်ခမ်းပါး💋
{Zhangyi}(Episode-20)(Unicode version)
အသန့်ကြိုက်တဲ့CEO Xiao ရဲ့ ရုံးခန်း ထဲမှာ တစ်ခန်းလုံးပြန့်ကျဲနေသော မုန့်ခွံတွေ နဲ့ CEO Xiao ရဲ့ အင်္ကျီပေါ်မှာလဲချောကလက်တွေပေပွနေလေသည်။ရှောင်းကျန့်
ပေါင်ပေါ်မှာချောကလက်ချောင်းကိုလက်ထဲကိုင်ပြီး
နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ဝမ်လေးရဲ့နှုတ်ခမ်းပေါ်ကချောကလက်တွေကိုအသာလေးသုတ်ပေးနေတဲ့CEO သူငယ်ချင်းကြောင့်ကျိုးချန် သွေးအန်ချင်သွားသည်။" ဟျောင့်! "
ကြောင့်ရှောင်းကျန့်စားပွဲပေါ်ကစာရွက်ကိုလုံးချေပြီး
ကောက်ပစ်လိုက်ပြီး"သေမလို့အဲ့လောက်အော်နေတာလား ဒီမှာ ငယ် အိပ်နေတယ်လေ"
ရှောင်းကျန့်ကျိုးချန်ကိုအသံခပ်တိုးတိုးဖြင့်ပြန်ပြောလိုက်သည်။ကျိုးချန်ကရှောင်းကျန့်ကို
"ရှောင်းကျန့် ဝမ်လေးအိပ်နေတာဆိုလဲ ဆိုဖာပေါ်မှာချထားလိုက်ပါလားဟ "
"ရတယ် ငါပဲချီထားလိုက်မယ်"
"ပြီးတာပဲ ဒါနဲ့ဒါတွေက ဘာတွေဖြစ်တာတုန်း ပွယ နေတာပဲ "
ရိပေါ်ကိုကြည့်ပြီးနဖူးနားကဆံပင်ကိုသပ်တင်ပြီးနဖူးလေးကိုဖွဖွလေးနမ်းလိုက်တော့အင်းးးဆိုပြီးပြန်အိပ်သွားလေရဲ့။ကျိုးချန် က ရှေ့ကသူငယ်ချင်းကိုကြည့်ပြီးခေါင်းခါမိလိုက်သည်။ပြီးမှ ရှောင်းကျန့် က
"ဒီလိုကွာ"
Flashback .......
ရှောင်းကျန့် ရိပေါ်ကိုချီကာအစည်းအဝေးခန်းထဲ ကနေ ရုံးခန်းထဲထိ ခေါ်ခဲ့သည်။ရုံးခန်းထဲရောက်တော့ ရှောင်းကျန့်အလုပ်စားပွဲပေါ် တွင်ရိပေါ်ကိုတင်လိုက်ပြီးသူကတော့ရိပေါ် ရှေ့က ထိုင်ခုံမှာထိုင်လိုက်သည်။ရိပေါ်က ရှောင်းကျန့်ကို ကြည့်ပြီးငိုပါလိမ့်ရော။
"အဟင့် အီးးးးဟီးးးးး"
"အယ် ငယ် မငိုနဲ့လေ ငယ်ရယ် ကိုယ်ကိုပြော ဘာဖြစ်လို့လဲ ဟင် ပြောပါငယ်ရယ် မငိုပါနဲ့ကွာ ငယ်ငိုရင် ကိုယ့်ရင်ဘက်ထဲက ပေါက်ထွက်မတက်နာကျင်လို့ပါငယ်ရယ်"