Unicode version
အဂျီ ၃၆
ဖုန်းထဲမှ နံပါတ်လေးတစ်ခုကိုကြည့်ရင်း ချီတုံချတုံဖြစ်လို့နေရသည်။
ဒီဘဝအတွက်မမျှော်လင့်တော့ပဲ နောက်ဘဝအထိကြိုတွေးထားတဲ့လူကို ကျွန်တော်တစ်ကယ်ရောဆက်သွယ်သင့်ရဲ့လား။
ကိုယ့်ဘက်ကချစ်ပေးတိုင်းလဲ သူ့ဘက်ကမလိုလားရင်
အနှောင့်အယှက်သက်သက်ပဲလေ။သက်ပြင်းပူကြီးကိုချကာ မြစ်ကမ်းနားဘေးငုပ်တုပ်ထိုင်ရင်း ကောင်းကင်ကြီးကိုပဲမော့ကြည့်မိ၏
ဒီလိုနေ့ကျမှ လကလဲေဖျာ့လို့။" ကယ်ကြပါအုန်း ကျွန်မပိုက်ဆံအိတ်ပါသွားလို့ "
ကိုယ့်ဘာသာစိတ်ထောင်းကိုယ်ကြေဖြစ်ရသည့်အထဲ အနီးအနားကအော်သံကြောင့်လန့်ဖြတ်သွားပြန်သည်။
အေးအေးဆေးဆေးလဲ မနေရပါလားနော်။
ခါးပိုက်နှိုက်ကအိတ်လုပြေးလေသတဲ့။
ဝင်ကူညီချင်စိတ်မရှိသော်ငြား ဒီပတ်ဝန်းကျင်မှာကျွန်တော်ပဲရှိသည်။ဝတ်ထားတဲ့ဖိနပ်ချွတ်ပြီး ရှိသမျှစိတ်ညစ်မှုအပေါင်းနဲ့ပစ်ပေါက်လိုက်မိတော့ နောက်စေ့တည့်တည့်မှန်ပြီး မှောက်ရက်လဲတော့၏
အဟက် ဒါမျိုးကျသိပ်တော်နေတယ် ကိုယ့်ဘဝကျကိုယ်မသိဘူး။ကူညီလဲပေးရသေးသည်ကို မျက်မြင်သက်သေအနေနဲ့ရဲစခန်းကိုခေါ်လာပြန်သည်။
အိမ်မဟုတ်ရင်ပြီးရောလို့တွေးထားတဲ့ကျွန်တော်က အခုချိန်ဘယ်သူခေါ်ခေါ်လိုက်နေမိတော့သည်။ရဲစခန်းကို ဘဝမှာတစ်ခါမှမရောက်ခဲ့ဖူးဘူးလို့တွေးထားခဲ့တာ
အစိမ်းသက်သက်ဖြစ်မနေတာကြောင့် အနည်းငယ်တော့ ကျောချမ်းသွားသည်။
ဘာလို့ဒီနေရာကြီးကို ငါကရင်းနှီးသလိုဖြစ်နေတာတုန်း။
ဘုရား ဘုရား တရားစခန်းတောင်စိမ်းတယ်ထင်တဲ့ငါက ရဲစခန်းကျရင်းနှီးတယ်တဲ့လား။" ဟာ ကောင်လေး နောက်ဆုံးတော့ရောက်လာခဲ့ပြီပေါ့ "
" ခင်ဗျာ! ကျွန်တော်! ကျွန်တော့်ကိုပြောနေတာလား "
စခန်းမှူး၏တစ်ရင်းတစ်နှီးနှုတ်ဆက်မှုမှာတင် ငိုချင်သွားခဲ့သည်။
ဘယ်လောက်တောင်လာခဲ့ဖူးလို့ စခန်းမှူးအထိပါငါ့ကိုသိနေရတာလဲ။