Unicode version
အဂျီ ၂၂
" လုပ်ဦး လုပ်ဦး ငါဘာဘောင်းဘီဝတ်ရမလဲ "
မိုးလင်းထဲကမနက်စာပြင်ပေးပြီး ရှိသမျှအဝတ်တွေထိုင်ရွေးနေတာ အခုထိမပြီးသေး။ ဒီနေ့ Fresher Welcome လိုမျိုးစီနီယာတွေနဲ့ ပျော်ပျော်ပါးပါးရင်းနှီးအောင်လုပ်ရတဲ့ပွဲရှိတာလေးနဲ့ပဲ သူ့မှာပျာယာတွေခတ်နေတာ။
သိပ်ကြည့်မရတော့ဘူး ဘယ်သူ့ကိုပြချင်နေမှန်းမှမသိတာ။" ငကူးရွေးပေးဦး ဒါလား ဒါလား "
ဂျင်းဘောင်းဘီအနက်နှစ်ထည်ကိုင်ပြပြီးရွေးခိုင်းရတဲ့အထိ ကာလာဘလိုင်းဖြစ်သွားတာများလား။
" ဒီဟာ "
ဘယ်ဘောင်းဘီကိုရွေးရွေး အနက်တွေချည်းပဲမို့ တွေ့ရာလက်ညိုးကောက်ထိုးပြလိုက်တော့လဲ တစ်စခန်းပြီးသွားတာပဲ။
" အွန် ငကူးငါ့မှာဒါမျိုးနှစ်ကြိုးရှိတယ် ကျန်း "
ဘယ်ထဲကသွားရှာလာလဲမသိတဲ့ စတီးချိန်းကြိုးနှစ်ကြိုးကိုမြှောက်ပြရင်း အနားကိုပြန်လျှောက်လာကာ တစ်ကြိုးကိုသူဝတ်မယ့်ဘောင်းဘီမှာချိတ်လိုက်သည်။
နောက်တစ်ကြိုးကို ကျွန်တော်ဝတ်မယ့်ဘောင်းဘီမှာသွားချိတ်နေတော့" ဟေ့ရောင် ငါမတပ်ဘူးနော် ရှုပ်ရှုပ်ယှက်ယှက်တွေမက်ြုက်ဘူး "
အပြုံးမပျက် သူလုပ်ချင်တာသာလုပ်နေရင်း
" သိပါတယ် ကူးရဲ့ ဒါမျိုးလေးတပ်ပြီးဝတ်ကြည့်လိုက်အရမ်းမိုက်သွားလိမ့်မယ် သိလား "
" ကျစ်* အဂျီကကွာအဲ့စတီးကြိုးကြီးတပ်ဝတ်တာက တောဂေါ်လီတွေပဲဝတ်တာ ဖြုတ်စမ်းပါကွာ "
" အော်ဟော ရှူးးး တိုးတိုးနေ ငါကကောင်းစေချင်လို့လုပ်ပေးနေတာ ဒီမှာကြည့်အရမ်းမှမသိသာတာ မင်းဝတ်လိုက်ရင်ဘယ်လောက်မိမိုက်နေမလဲ ငါပြောတာယုံစမ်းပါ ဂျောင်ကုလေးရဲ့ "
တားနေလဲလေသာကုန်မယ် ဒင်းကသူလုပ်ချင်တာလုပ်တဲ့အမျိုး။
မကြိုက်လို့ဖြုတ်ထားလဲ သတိရရင်ပြန်တပ်ခိုင်းမယ့်အတူတူတော့ ဒီတစ်ရက်တော့သီးခံပေးရမှာပေါ့။
တစ်ယောက်ထဲမှမဟုတ်တာ အတူတူဝတ်ထားရတာပဲ။