Unicode version
အဂျီ ၃၁
တစ်ညလုံးအိပ်လို့မပျော်ခဲ့ပါပဲ အိပ်ရာဘေးနားမှာသာငုပ်တုပ်ထိုင်ရင်း အရုပ်ကြိုးပျက်နေသည့်နှယ် ကြမ်းပြင်ကိုသာစိုက်ကြည့်နေခဲ့သည်။
သူ့ကိုသူတောင်ဘယ်သူမှန်းမသိဘူးလို့ပြောလိုက်တဲ့အချိန်တုန်းက ကျွန်တော်ရဲ့ပျက်ပြီးသားကမ္ဘာအထပ်ထပ်ပျက်တာပဲ။
ပေါ့ပေါ့ပါးပါးပြောနေနိုင်တဲ့လူက ဘယ်လောက်တောင်နာကျင်နေခဲ့ရမလဲ။
ကျွန်တော့်ကိုမှမေ့သွားနိုင်ရခြင်း
ကျွန်တော်တို့သံယောဇဉ်ကိုမှမေ့ပစ်နိုင်ရခြင်းဆိုပြီး
ဒေါသထွက်နေရမယ့်အစား ကိုယ့်ကိုကိုယ်တောင်ဘယ်သူဘယ်ဝါမှန်းမသိပဲနေနေရတဲ့ ဘဝကိုပိုသနားမိလာတယ်။ငါဘာလိုလုပ်ပေးရမလဲ။
ဘာမှလုပ်မပေးနိုင်မှန်းသိတော့ သေအောင်နာတယ်။အလတ်ဆီကိုဖုန်းဆက်ဖြစ်တယ်။
ဒီလိုမေ့သွားခြင်းမျိုးကဖြစ်ကောဖြစ်နိုင်ပါ့မလားပေါ့။
အတိတ်ကိုပြန်သတိမရတော့တဲ့
နှစ်ရှည်ကြာမေ့သွားခြင်းတဲ့လား။
ဖြစ်တောင့်ဖြစ်ခဲ အခြေအနေမှာတောင် မင်းမှရွေးဖြစ်ရသလား။ငိုစရာမျက်ရည်လဲမကျန်တော့ဘူးထင်ပါရဲ့။
နီရဲနေတဲ့မျက်ခမ်းစပ်တွေကို ကြိုးစားဖွင့်ထားရင်း
အခန်းထောင့်မှာထောင်ထားတဲ့ ပိုင်ရှင်မဲ့ဂစ်တာလေး
သူပြန်ရာက်လာရင်အဆင်သင့်တီးလို့ရအောင်ဆိုပြီး ကြိုးတွေကအစအသစ်လဲပေးထားတာလေ။ကူး ရယ်~
ဘယ်လိုမှအိပ်လို့မရတော့တာကြောင့် သူအနွေးထည်ဝတ်ရင်းသာ အိမ်ရှေ့ကကွပ်ပျစ်လေးဆီထွက်လာခဲ့တယ်။
သူ့ထက်အရင်ရောက်နှင့်နေသော ထိုအမျိုးသားလေး။
မင်းလဲအိပ်လို့မပျော်ဘူးလား။" မအိပ်သေးဘူးလား ဂျောင်ကု "
" ဟာ အစ်ကို "
ကိုကိုလို့အမြဲအခေါ်ခံချင်ခဲ့ပေမယ့်
တစ်ကယ်တမ်းကျတော့လဲ ဒီအခေါ်အဝေါ်ကကျင့်သားမရ
ကျွန်တော့်ကိုမေ့သွားတဲ့ကောင်ကို ပညာပြချင်တာမို့ ကြိတ်မှိတ်အခေါ်ခံလိုက်သည်။အေးလွန်းတာကြောင့်နှာခေါင်းထိပ်တွေရော နားတွေပါနီရဲလို့နေပြီ ဘယ်အချိန်ထဲကအပြင်မှာထွက်ထိုင်နေလို့များပါလိမ့်။
ကျွန်တော်ထိုင်ဖို့အတွက် သူ့ကိုယ်ကိုဘေးသို့အနည်းငယ်တိုးကာ လွတ်သွားတဲ့နေရာလေးကိုပုတ်ပြရင်းရီသေးသည်။