Unicode Version
" အဂျီ " / အပိုင်း (၂)-------------------------------
အဂျီ ၂
၁၂နှစ် ပြည့်ဖို့ ၄လလိုသေးသည့် ဒီအသစ်ကောင်ကြောင့် ကျွန်တော်အရမ်းပျော်နေမိသည်မှာအမှန်ပင်။
အကြောင်းပြချက်က သိပ်ကိုခိုင်လုံသည်။ အတန်းထဲမှာ အပုဆုံးဆိုတဲ့ ဂုဏ်ကို ဒီအသစ်ကောင်ကလွှဲပြောင်းယူသွားခဲ့ပြီ။ ကျွန်တော့်ထက်ပုတဲ့လူရှိနေလိမ့်အုန်းမယ်လို့ တစ်ခါမှတွေးမထားခဲ့ပေမယ့် စိတ်ကူးတော့ယဉ်ကြည့်ဖူးသည်။ နောက်ဆုံးတော့....ဒီ ၄ လငယ်တဲ့ကောင်က ကျွန်တော့်ရာထူးကိုဆက်ခံသွားပြီတဲ့လား ချစ်သွားပြီ ညီလေး။အခုဆိုဘယ်လောက်ထိပျော်နေလဲမေးစရာမလို သူ့ထက်ပုသည့် ဂျောင်ကု၏ ပုခုံးကို ဟန်ပါပါဖက်ရင်း မုန့်ဈေးတန်းကမုန့်တွေ တစ်ခုပြီးတစ်ခုဝယ်ကျွေးနေလေတော့သည်။
" ဘာစားချင်သေးလဲ ငကူး "
" တော်ပြီ ငါကသရေစာအဲ့လောက်မကြိုက်ဘူး "
" မကြိုက်လဲစား ငါကဝယ်ကျွေးခဲတယ် "
မာန်ပါပါတစ်ချက်ပြုံးပြနေသည့် ဂျီမင်ဆိုတဲ့ကျောင်းသားက ထူးတော့ထူးဆန်းသည်။ သူ့ထက်ပုတဲ့လူတွေ့ပြီဆိုပြီး ပျော်မြူးနေတာများ သေမလိုပဲ။
ကြည့်တော့ နှစ်လက်မလောက်ပဲကွာတာကို။ ခေါ်ပုံကကိုအချိုးမပြေဘူး။
ကြည့်နေပါ ငါအရပ်ရှည်လာတဲ့တစ်နေ့ကျမှ မင်းခေါင်းပေါ်လက်တင်ပြီး လမ်းလျှောက်ပြမယ်။" ငကူး မင်းကအဆောင်မှာနေမှာလား "
" စီစဉ်တုန်းပဲ လောလောဆယ်တော့အဘွားအိမ်မှာပဲနေမှာ "
" အေး အကြံတစ်ခုပေးမယ် အဆောင်ဘယ်တော့မှပြောင်းမလာနဲ့ "
" အဲ့တာတော့ဟုတ်တယ် အဆောင်မှူးကအလကားနေစိတ်တိုနေတာ ဘာဖြစ်နေမှန်းကိုမသိဘူး "
" ပျော်ဖို့တော့ကောင်းတယ်နော့ "
" အေး "
ကျွန်တော့်ကိုပြောနေသလိုလိုနှင့် နောက်ဆုံးတော့ သူတို့သူငယ်ချင်းနှစ်ယောက်ပဲစကားလက်ဆုံပြန်ပြန်ကျတတ်သည်။ သူတို့စကားဝိုင်းထဲဝင်တော့မလိုနဲ့ ဘေးရောက်ရောက်သွားရသည်ကို ဂျောင်ကု သိပ်မကျေနပ်။ ထားလိုက်ပါလေ သူတို့ကအရင်ခင်တာပဲကို။