Unicode version
အဂျီ ၁၅
" ဘွား "
ညအိပ်ချိန်မှာ ဘွားခြေထောက်ကိုနှိပ်နယ်ပေးရင်း ကျွန်တော်စကားဆိုလိုက်သည်။ စာမေးပွဲပြီးသည်မို့ အားလပ်နေကြသည်မှာ တစ်ပတ်လောက်ပင်ရှိခဲ့ပြီ။ ဒီလိုပဲလုပ်စရာမရှိ၍ နှစ်ယောက်သား စက်ဘီးတစ်စီးနှင့် ဟိုလျှောက်သွား ဒီလျှောက်သွားလဲလုပ်ခဲ့ကြတာ မရောက်ဖူးတဲ့နေရာတွေတောင်ရောက်ဖြစ်သေးသည်။
အခုလဲ ညဘက်အလုပ်မရှိတော့ ထမင်းစားပြီးဘွားကိုဝိုင်းနှိပ်ပေးနေကြရင်း အဂျီတစ်ယောက် ဘွားပေါင်ပေါ်အိပ်ပျော်သွားလေတော့သည်။
" သားတစ်ခုလောက်တောင်းဆိုချင်တယ် "
" ဘာများတုန်း ဂျောင်ကုလေးရဲ့ ပြောစမ်းပါအုန်း "
" သား .......... မြို့ပြကို...ခနအလည်သွားချင်တယ် "
ငယ်စဉ်ကတည်းကခွဲခွာလာခဲ့ပြီး အိမ်ကိုပြန်ဖို့မပြောလေနှင့် ဖုန်းဖြင့်ဆက်သွယ်ဖို့တောင်အမြဲငြင်းနေတတ်သည့်မြေးပေါက်လေးက သူ့ပါးစပ်ကနေလိုလိုလားလားခွင့်တောင်းလာခဲ့သည့်အခါ ဘွားဟာဘယ်သူ့ကြောင့်ဘာကြောင့်ဆိုတာစဉ်းစားနေခြင်းအလျှင်းမရှိပဲ ဝမ်းသာအားရလက်ခံပေးခဲ့သည်။
ဘွားပေါင်ပေါ်မှာ အပူအပင်ကင်းကင်းအိပ်ပျော်နေတဲ့ အဂျီကိုသာ ကျွန်တော်ငေးကြည့်နေခဲ့ပြီး ခပ်ယဲ့ယဲ့လေးပြုံးမိလိုက်သည်။
" အဂျီ .... ဂျီမင် ..... ငဂျီ "
" အင်း....ဟင်း "
ဘွားလဲအိပ်ပျော်သွားပြီမို့ ခြေရင်းမှာခွေခေါက်ကာ ကပ်သပ်ပြီးအိပ်ပျော်နေသူကို အသံခပ်ဖွဖွပေးကာလှုပ်နှိုးလိုက်တော့ အင်းအဲ အသံပေး၏။
" အဂျီ ထလေ အခန်းထဲသွားရအောင် "
" ဒီမှာပဲအိပ်မယ် "
" ဟာ မရဘူးလေ ဘွားအိပ်ရာကြီးမှာကို ထပါကွာ "
" မထဘူး "
အသံလေးထိုင်းထိုင်းနှင့် ဇွတ်ပေကပ်အိပ်နေသည့် တစ်ကောင့်သားကို ဖြစ်နိုင်ရင်ပုခုံးပေါ်ထမ်းပြီးခေါ်သွားချင်စိတ်ပေါက်လာမိသည်။ သူ့အရပ်ကြီးနဲ့ ဘွားကုတင်မှာကိုးလိုးကန့်လန့်အိပ်နေတာ ဘွားလဲအဆင်မပြေ သူလဲအဆင်မပြေ။