Unicode version
အဂျီ ၃၄
" ဂျီမင် ထမင်းမစားသေးဘူးလား "
အလုပ်ခန်းထဲမှာရှုပ်နေတုန်း အနားမှာလာထိုင်ကာမေးသည်။
ရိုးရိုးတီရှပ်အပြာနုလေးဝတ်ထားပြီး ချည်သားဘောင်းဘီအရှည်လေးဝတ်ထားတာတောင်မှ ကြည်လင်သန့်ရှင်းနေသောသူမို့" ဒီနားမှာမထိုင်နဲ့ဂျောင်ကု ပေကုန်မယ် "
" ဘာမှမဖြစ်ပါဘူး ဂျီမင်လဲထိုင်နေတာပဲကို "
" ငါကအလုပ်လုပ်နေတာလေ မင်းကအလကားညစ်ပတ်လိမ့်မယ် ထိုင်ချင် ရှေ့ကခုံမှာထိုင် သွား "
အတင်းတွေတွန်းထုတ်ပြီးအရှေ့မှာသာထိုင်ခိုင်းနေသည်မို့ ဂျောင်ကုလဲထိုင်နေလိုက်ရသည်။
ပြီးတော့ငြိမ်ငြိမ်လေးထိုင်ကာသာ မျက်စိရှေ့ကပန်းပုဆရာလေးရဲ့ အလုပ်အပေါ်အာရုံစိုက်နေသည်ကို သူမေ့မေ့မြောမြောကြီးကြည့်နေမိသည်။
မကြည့်သင့်ဘူးဆိုတာသိပေမယ့်လဲ လှရက်လွန်းလို့မလွှဲရှောင်နိုင်။ပန်းပုထုနေရာကနေ ရှေ့ကိုလှမ်းကြည့်တော့ ဂျောင်ကုကြည့်နေတာကိုမြင်ပြီးပြုံးသွားသည်။
နားရွက်ဖျားလေးနီသွားတာကိုက သိမ်မွေ့စရာ။" ဘာတွေကြည့်နေတာလဲ ဂျောင်ကု "
" ဂျီမင်ကိုပျော်စေချင်လို့ "
" ဘာဆိုင်လို့လဲ "
" ကျွန်တော့်ကိုကြည့်တိုင်း ဂျီမင်ရီတယ်လေ အခုအလုပ်ပင်ပန်းနေမှာစိုးလို့အားလာဖြည့်ပေးတာ ဟီး "
ခေါင်းတစ်ခါခါလုပ်ရင်းသာ ပြုံးမြဲအတိုင်းပြုံးရင်း
အလုပ်ဆက်လုပ်နေတော့သည်။
ရှေ့ကကိုယ်တော်ချောကတော့ ခြေချိတ်ပြီး မေးထောက်ကာ ကျကျနနကြည့်နေပုံက ကလေးတွေကာတွန်းကားကြည့်နေပုံနဲ့တောင်တူသည်။ထုတ်မပြောလိုက်ပါဘူး သူ့ကိုကလေးလို့ထင်တယ်ဆိုပြီးရန်တွေ့မှာစိုးလို့။
" ဂျီမင့်လက်ရာလေးတွေကအသက်ဝင်တယ်နော် လှလဲလှတယ် "
" အမယ် ကဲပြောဘာလိုချင်လို့လဲ ငါဘာပုံလုပ်ပေးရမလဲ "
" အဟွန်း မီးအိမ်လေးလိုချင်တယ် "
" အင်းလုပ်ပေးမယ် "