EP 24

7.7K 1K 221
                                    

Unicode version

အဂျီ ၂၄

အစ်မကိုတော့ကျွန်တော် တော်တော်လေးမျက်နှာပူလိုက်ရသည်။
အဲ့ဒီနေ့ကကိစ္စကို အမကအစအဆုံးမြင်ပြီး တော်တော်ရှော့ရသွားတဲ့ပုံစံပဲ ဒါပေမယ့်နှုတ်လုံတယ် အစ်မကလွဲပြီးဘယ်သူမှမသိသေးဘူး။
သိလဲကိစ္စမရှိဘူးဆိုပေမယ့် ငကူးဘက်ကအဆင်မပြေဖြစ်မှာကိုကြောက်တာမို့လို့ ဒီတိုင်းလေးနေရလဲအဆင်ပြေသည်။

နေ့လည်စာစားချိန်ရောက်တော့ ကျွန်တော့်ခြေလှမ်းတွေက ကူးတို့အတန်းဘက်သို့ဦးတည်သွားလိုက်သည်။
တက္ကသိုလ်ကျောင်းသားတစ်ယောက်အနေနဲ့ ဆရာ့ကိုခွင့်တောင်းပြီးထွက်ချင်ထွက်လို့ရပေမယ့် ကူးကဘယ်တော့မှအဲ့လိုမလုပ်တတ်။
ဆရာထွက်ပြီဆိုမှ သူပစ္စည်းတွေသိမ်းတတ်သည်။

" အဂျီ "

စာသင်ချိန်မပြီးသေး၍ အတန်းရှေ့မှာနံရံမှီစောင့်ရင်းငြိမ်ငြိမ်လေးရပ်နေသူကိုမြင်တော့ ဂျောင်ကုစိတ်မကောင်းဖြစ်ရတာပေါ့။

" ပြီးပြီလား "

" ငါလာခေါ်ပါ့မယ်လို့ပြောထားတာကို ဘာလို့ရပ်စောင့်နေတာလဲအဂျီရယ် အကြာကြီးစောင့်နေရတာမလား "

စိတ်ပူကာ လေသံအေးလေးနဲ့ဆူနေသည်ကိုပင် သူကျေနပ်နေသည်။ သူ့ကိုပြောဆိုဆုံးမပေးတဲ့အခါတိုင်း ကူးရဲ့အရိပ်အာဝါသအောက်မှာလုံခြုံစွာရှိနေသလိုမျိုး ခံစားရ၏
ငယ်ရုပ်လေးမပျောက်နိုင်သေးသည့် ချစ်ရသူကိုသူပြုံးပြရင်း ပုခုံးပေါ်ကလျှောကျချင်နေတဲ့ လွယ်အိတ်ကြိုးလေးကိုဆွဲတင်ပေးလိုက်ကာ

" မကြာသေးပါဘူး ကူးရ ငါဗိုက်ဆာလာလို့စောထွက်လာမိတာ သွားရအောင်လေ "

ကျောင်းမှာဆိုရင် အဂျီကသူ့လက်ကိုကိုင်တွဲကာလမ်းမလျှောက်တတ်ဘူး။ ယောက်ျားလေးနှစ်ယောက်ပုခုံးဖက်ထားရင်အဆင်ပြေပေမယ့် လက်ကိုင်ရင်တော့ထူးဆန်းတတ်တာသဘာဝပါပဲ။
ရှိသင့်တဲ့ သက်သောင့်သက်သာဇုန်လေးကိုသူဖန်တီးပြီး ဘေးချင်းကပ်သာလျှောက်တတ်ကြသည်။

" ကူးငါ့ကိုနေ့လည်စာယူခဲ့ပေးနော် "

" အင်း‌ထိုင်ခုံမှာသွားစောင့်နေ "

" A Ji "Where stories live. Discover now