Unicode version
အဂျီ ၂၉
၂၀၂၀ ပြည့်နှစ်,
နေ့ပေါင်းများစွာ ရောက်လာဦးမယ်
ညပေါင်းများစွာ တွေ့ကြုံမယ်
အား...စိတ်ညစ်မိတယ်နေ့ဘက်ဆိုမင်းအကြောင်းအတွေးတွေ
ညဘက်ဆိုမင်းအကြောင်းအိမ်မက်တွေ
ခါးသီးတဲ့အတွေ့အကြုံတွေမင်းထားခဲ့တယ်ကိုယ်တစ်ယောက်ထဲမင်းမရှိရင်အသက်မရှင်ချင်ဘူးအချစ်ရေ
မနေ့ကငါသေဆုံးသွားခဲ့........****
ဒါဟာမနက်တိုင်း ရေဒီရိုအဟောင်းလေးကအမြဲလွင့်ပျံ့တဲ့သီချင်းသံ။
ကျွန်တော်ဟာ ဒီသီချင်းကြားရင်မငိုတတ်ဖို့ (၇) နှစ်ထိထိအချိန်ယူနေရတုန်းပဲ။
ဖြစ်ပျက်ခဲ့တဲ့ကိစ္စတိုင်းက မြန်ဆန်လွန်းလို့ အခုထိလိုက်မမှီသေးဘူး။
လိုက်ရှာခဲ့မိတယ် သူရှိတဲ့ပတ်ဝန်းကျင်မှာရော ရှိနေလောက်မယ့်အရပ်ကိုပါ ကြိုးကြိုးစားစားရှာကြည့်နေခဲ့ပေမယ့် ပြန်တွေ့ရဖို့မျှော်လင့်ချက်မရှိတော့တဲ့အခါ ကျွန်တော်လဲအဆုံးစီရင်ချင်ခဲ့ဖူးတယ်။ဒီဘဝတော့ ဒီမျှပဲလို့ သူစိမ်းဆန်ဆန်ကြွေးကြော်လိုက်ချင်ပေမယ့်
ဒီတစ်ညတည်းပါဆိုပြီးလွမ်းခဲ့ရတဲ့ ရက်တွေမှမနည်းတော့ပဲ။၇ နှစ်ဆိုတဲ့အချိန်က မင်းဒီလောကကြီးမှာမရှိတော့ဘူးလို့ လက်ခံချင်လက်ခံလို့ရနေပြီမဟုတ်လား
သို့ပေမယ့်လက်မခံချင်သေးဘူး။
ငါ့ကိုနှုတ်မဆက်ပဲ မင်းထွက်မသွားနိုင်ဘူးဆိုတာ ငါယုံကြည်နေတုန်းပဲ။
ဒီနေရာမှာပဲငါစောင့်နေအုန်းမှာပါ။" ဆရာသမားရေ ကျုပ်အပ်ထားတဲ့အရုပ်တွေရပြီလားဗျ ခင်ဗျားဆီလာရတာလဲတစ်လံတစ်ကျေးဗျာ "
မနက်ခင်းကိစ္စအဝဝကိုပြုမူပြီးစီးချိန်တော့ အိမ်ရှေ့တောင်မို့လေးပေါ်ကကွပ်ပျစ်ပေါ်မှာထိုင်နေတဲ့ ရွာလူကြီးကလှမ်းအော်တော့သည်။
သူ့ဇနီးအတွက် မွေးနေ့လက်ဆောင် ပုံတူသစ်သားပန်းပုလေးပေးချင်လို့ လွန်ခဲ့တဲ့တစ်လထဲကအပ်ထားပြီးတဲ့အချိန်ကစပြီး မနက်တိုင်းအိမ်လာအော်တော့တာပဲ။