Unicode version
အဂျီ ၃၀
ချမ်းအေးပါတယ်ဆိုတဲ့ဆောင်းညမှာ ချွေးဒီးဒီးကျပြီးအိပ်ရာပေါ်ကဝရုန်းသုန်းကားနိုးထလာသူဟာ ကျွန်တော်ပါ။
အိပ်ရာဘေးကိုငဲ့ကြည့်မိတော့ ဘာမှမရှိတဲ့အေးစက်စက်အထိအတွေ့ပါပဲ။အိမ်မက်ကနိုးလာတဲ့အခါ ကြည်နူးခဲ့ရခြင်းတွေကို
အပြင်လောကမှာနှမြောတသဖြစ်နေရတဲ့ညတွေက ရေတွက်မနိုင်တော့ဘူးပဲ။ဒါဆို ဒါတွေအားလုံးကအိမ်မက်လား။
ခြုံထားတဲ့စောင်ကိုဆွဲဖယ်ရင်း အလောတကြီးအိမ်ထဲပတ်ရှာမိနေတယ် အဲ့ဒီနေ့တုန်းကလို။
အခန်းတံခါးကိုဆွဲဖွင့်မိတဲ့နောက်မှာတော့ တံခါးတစ်ဖက်မှာထိုင်နေတဲ့ ဒီလူသား။ပျောက်ကွယ်မသွားလို့.....တော်ပါသေးရဲ့။
တံခါးဘောင်ကိုမှီရပ်ရင်းသာ အနွေးထည်ရဲ့ရင်ဘတ်လေးကိုလက်နဲ့ဆွဲထားမိတယ်။
ပိုနွေးမယ်အထင်နဲ့။
မမြင်ရတာကြာသောဒီအမျိုးသားလေးရဲ့ကျောပြင်ကိုသူငေးကြည့်ရင်း လှုပ်ရှားနေပုံတစ်ခုချင်းစီကိုလိုက်ကြည့်နေမိသည်။
အနားကိုသွားဖို့မေ့နေခဲ့သည်တဲ့လား။ငါ့ရဲ့လိပ်ပြာလေး ငါ့အနားမှာ တစ်ဖန်ပြန်ပြီးဝဲနေပြီပေါ့။
" နိုးလာပြီလား "
လှည့်ကြည့်ကာမေးလိုက်တော့မှ သူအတွေးတွေထဲကပြန်နိုးလာကာ ခေါင်းသာငြိမ့်ပြရင်းအနားမှာဝင်ထိုင်မိလိုက်သည်။
" ကျွန်တော်အဝတ်တွေနေရာချနေတာ "
တုန့်ပြန်မှုတစ်စုံတစ်ရာမရှိပဲငေးကြည့်နေသည့် မျက်ဝန်းတွေကြောင့် ဂျောင်ကုအနည်းငယ်အနေရခက်သွားသည်။
မနေတတ်စွာရီပြလိုက်ရင်း အဝတ်တွေသာထုတ်နေလိုက်၏" ကျွန်တော်ပြန်မိတ်ဆက်ပါ့မယ် ကျွန်တော်က Architectureပါ အားလက်ရပ်တွေကိုပရဟိတအနေနဲ့နယ်တွေမှာစာလိုက်သင်ပေးဖြစ်ပါတယ် နာမည်ကဂျွန်ဂျောင်ကုပါ အဆင်ပြေသလိုခေါ်လို့ရပါတယ် "
ရွှင်ပြုံးရင်းသာကိုယ့်ကိုကိုယ်မိတ်ဆက်နေသူဟာ
တစ်ချိန်တုန်းက ဂျွန်ဂျောင်ကုပါလို့ ရှက်ရှက်နဲ့တစ်ခွန်းပဲမိတ်ဆက်ခဲ့တဲ့လူမှဟုတ်ပါရဲ့လား။
ခေါင်းသာငြိမ့်ပြမိတယ်။