EP 14

7.5K 1K 40
                                    

Unicode version

အဂျီ ၁၄

" ငါပြောတယ် စာမေးပွဲတွင်းကြီးမဖျားစေနဲ့ဆိုတာကို "

ညလုံးပေါက်စာပဲဖိကျက်နေတာကြောင့် အိပ်ရေးပျက်ရက်တွေများပြီးသွေးအားနည်းကာအိပ်ရာထဲလဲတော့သည်။ မနက်ဖြန်ပဲစာမေးပွဲကဖြေရတော့မယ် ကြိုးစားသမျှအရာမထင်ရင်ဘယ်လိုလုပ်မလဲ။

" ရော့စား ပြီးရင်ဆေးသောက် "

ဆန်ပြုတ်မကြိုက်ဘူးလို့ ဆန္ဒပြထားတာကြောင့် ခေါက်ဆွဲပြုတ်ကိုနူးနေအောင်ပြုတ်ကာ အသားတွေထည့်ပေးထားရသည်။ အိပ်ရာပေါ်မှာ မနက်ဖြန်ဖြေမယ့်စာအုပ်ကြီးကိုင်ထားသေးတာကြောင့် ထုရိုက်ပစ်လိုက်ချင်သည်။

" ဖယ်အဲ့ဒီစာအုပ် ငကူးမင်းဘာလို့အဲ့လောက်အသဲအသန်စာလုပ်နေတာလဲ တစ်နှစ်ပတ်လုံးလုပ်ခဲ့တဲ့စာတွေနဲ့တင်တစ်ကျောင်းလုံးပထမဝင်နေပြီကို "

စာအုပ်ကိုဆွဲဖယ်ကာ ပေးထားတဲ့ခေါက်ဆွဲကိုလက်ထဲပြောင်းထည့်ပေးလိုက်သည်။

" ငါ့ကိုငါမသေချာလို့ပါ "

" ဘာကိုမသေချာ? မင်းလောက်စာလုပ်တဲ့လူငါတစ်ခါမှမမြင်ဖူးဘူး စိတ်ချမင်းတက်ချင်တဲ့တက္ကသိုလ်တက်ခွင့်ရကိုရမှာ "

စားပွဲပေါ်ထိုင်ရင်း မနက်ဖြေဖို့စာလုပ်နေရမှာကကျွန်တော်။ သူကဖျားတဲ့ကြားကဇွတ်လုပ်နေတော့ လိပ်ပြာတောင်မလုံချင်တော့။ ကျွန်တော်ဆူတော့ သူကခေါင်းငုံ့ရင်းခပ်သဲ့သဲ့ရီသည်။

" စားပြီးရင်အိပ်တော့ငကူး တစ်ကယ်ပြောတာ မင်းဒီညစာဆက်လုပ်ရင်မနက်စာမေးပွဲခန်းထဲလဲနေမယ် "

" အေးပါ "

အေးပါ ပေမယ့်ကျွန်တော့်မှာဒီကောင့်ကိုလှည့်ကြည့်လှည့်ကြည့်နှင့် စာလဲကောင်းကောင်းမလုပ်ရပါဘူးကွာ။ အဆင်သင့်ထောင်ပေးထားတဲ့ခြင်ထောင်ထဲကိုဝင်ကာသက်တောင့်သက်သာလှဲသွားပေမယ့် ကျန်ခဲ့တဲ့ကျွန်တော်ကဘယ်လိုနေရမှန်းမသိ။ အဲကွန်းဖွင့်ပေးချင်ပေမယ့် ပိုဖျားမှာလဲကြောက်ရသည်။ ပြတင်းပေါက်ပဲဖွင့်ထားလိုက်ရမလား လေစိမ်းတွေတော့မတိုက်လောက်တော့ပါဘူးနော်။

" A Ji "Where stories live. Discover now