Unicode version
အဂျီ ၁၃
ရာသီဥတုကချမ်းစိမ့်စိမ့်ဖြစ်နေပြီမို့ မေမေနဲ့အငယ်လေးကိုနွေးနွေးထွေးထွေးပေးအိပ်ကာ တံခါးတွေသေချာစစ်ရင်းလိုက်ပိတ်လိုက်သည်။
ယောက်ျားသားဆိုလို့သူတစ်ယောက်ထဲရှိသည်မို့ အိမ်ရှေ့ခန်းမှာပဲတစ်ယောက်ထဲအိပ်နေရင်း အိမ်အပြင်ဘက်ကလေတိုက်သံတို့အားနားစွင့်မိ၏။ငကူးတစ်ယောက်အဲကွန်းဖွင့်ထားရက်နဲ့ ပြတင်းပေါက်လဲမပိတ်ပဲအိပ်များအိပ်နေမလားလို့တွေးမိပြန်တယ်။ ရင်မောတယ်
သူ့အကြောင်းတွေးမိလိုက်တာနဲ့တင်
ရင်ဘတ်တစ်ခုလုံးအဖိခံထားရသကဲ့သို့
မောပြီးတုန်တယ်။မျက်စိမှိတ်ခေါင်းခါလိုက်ကာ စောင်အပါးလေးကိုရင်ဘတ်ထိဆွဲတင်ပြီးအိပ်ပျော်အောင်အိပ်နေတုန်းတစ်ခဏ ဆူညံသံတစ်ချို့ဝိုးတိုးဝါးတားကြားလိုက်ရသည်မို့
ဖြတ်ခနဲမျက်စိအစုံပြန်ဖွင့်ကြည့်လိုက်ရာ..." ကိုကို "
မျက်ရည်တွေနဲ့အငယ်လေးဟာ အားကိုးတကြီးကျွန်တော့်ဆီပြေးလာတော့ အိပ်မှုန်စုံဖွားဖြစ်နေတဲ့အသိစိတ်တစ်ချို့ကို အသိပြန်ဝင်အောင်ကြိုးစားရတော့သည်။ အခန်းထဲမှ ရန်ဖြစ်သံကြားလိုက်ရတော့ အငယ်လေးကိုကောက်ချီလိုက်ကာ အခန်းထဲပြေးကြည့်မိလိုက်တော့
" မေမေ "
" ရှင့်ကိုကျွန်မဘယ်နှခါပြောရမလဲ ကျွန်မမိသားစုအသုံးစရိတ်အတွက် သူကပို့ပေးလိုက်တာပါလို့ "
" မင်းက အရင်လင်နဲ့ပါလာတဲ့သမီးပါမကဘူး သားဖြစ်တဲ့လူကိုပါခေါ်တင်ထားတာလား လင်ပေးတဲ့အသုံးစရိတ်နဲ့ကုနေရတယ်ဆိုတော့ ငါကမင်းကိုမပေးကမ်းလို့လား "
" ရှင်**ပါးစပ်ကိုပိတ် "
ရုန်းရင်းဆန်ခတ်နဲ့ အော်ဟစ်စကားများနေကြသည်ကိုမြင်ပြီး ဂျီမင်အငယ်လေးရဲ့နားကိုပိတ်ကာ အိမ်ရှေ့ခန်းကိုမြန်မြန်ပြန်ထွက်လာလိုက်သည်။ ခြင်ထောင်ထဲသို့ထည့်သိပ်ကာ စောင်သေချာခြုံပေးလိုက်ပြီး
" အငယ်လေး ဘာမှမဖြစ်ဘူးနော် ကိုကိုရှိတယ်အိပ်နော် "
ပစ္စည်းကွဲသံတွေပါကြားလာရတော့ သူလဲတကိုယ်လုံးတုန်လို့နေရှာပြီ။ ဝင်ဆွဲရမှာလား အငယ်လေးကိုပဲဆက်သိပ်ရမှာလား သူကိုယ်တိုင်ပဲထွက်ပြေးရမှာလား အား..ရူးတော့မယ်။