Unicode version
အဂျီ ၁၆
မနေ့ကတစ်နေ့လုံးပင်ပန်းလာခဲ့ရသည်ကြောင့် တစ်မေ့တစ်မောကြီးအိပ်ပျော်သွားခဲ့တာ ကြည်လင်သောစိတ်အစဉ်နဲ့နှိုးထချိန်ရောက်လေပြီ။
ရှိသမျှအကြောအချဉ်တစ်သောင်းလောက်ပြေလျှော့အောင်ဆန့်တန်းလိုက်ရင်း မျက်လုံးတို့အားယူဖွင့်ကြည့်တော့ မြင်လိုက်ရတာ အိမ်ကြီးရှင် ကိုတင်စီး။အိပ်ပျော်သည့်အချိန်တွေဆို နှုတ်ခမ်းပါးတို့ကိုမပွင့်တပွင့်ဟထားတတ်ကာ မှောက်အိပ်နေသောကြောင့် ပါးနှင့်နှုတ်ခမ်းကလဲအဖိခံထားရပြီးဆူထော်နေသေး၏။ မာနခဲလေးက ယခုလိုမျိုးချစ်စရာယုန်ဖြူလေးနှင့်တူတာကို တွေ့သွားမယ်ဆိုရင်ရော အခုလိုတလေးတစားဆက်ဆံကြပါအုန်းမလား
သတိတရထကြည့်မိတော့ ပါကေးအပြည့်ခင်းထားတဲ့ကြမ်းပြင်ပေါ်မှာအိပ်ပျော်ခဲ့တာမှတ်မိလိုက်သည်။
အလျှင်အမြန်ကုန်းထရင်း ကုတင်ပေါ်ကခေါင်းအုံးနှင့် ဂွမ်းစောင်ကိုဆွဲချကာ အိပ်ပျော်နေသူရဲ့ခေါင်းအောက်ရယ် ကိုယ်လုံးရယ်ကိုပါလုံးထွေးစွာခြုံပေးလိုက်ရသည်။" ကိုယ်လက်တွေနာတော့မှာပဲ "
ခပ်တိုးတိုးသာပြောလိုက်မိရင်း ညကဆော့လက်စဂိမ်းစက်တွေနဲ့ ကြိုးတန်းလန်းတွေကိုသေချာရှင်းလင်းကာ တစ်ကိုယ်ရေသန့်စင်ဖို့ ရေမိုးချိုးခြင်းအမှုကိုပြု၏။
" အဂျီ ! "
ရေချိုးခန်းအပြင်မှတံခါးကိုထုကာ အော်ခေါ်သံကြောင့် ရေပန်းကိုပိတ်ပြီးအသံလှမ်းပြုပေးလိုက်တော့ "အအေးပတ်မယ် " ဆိုသည့်စကားနှင့်ငြိမ်ကျသွားသည် ဒါကိုအကြောင်းမရှိကျွန်တော်ရီမိသည်။
" ငကူး ရေချိုးလိုက်ပါလား "
ကုတင်ပေါ်မှာခြေဆင်းထိုင်ကာ ပုခုံးသားတွေကိုလက်သီးဆုပ်နဲ့ထုပြီး မျက်နှာရှုံ့မဲ့နေရင်း ခေါင်းငြိမ့်ပြသည်။
သိတယ်လေ နာနေပြီမလားကြမ်းပြင်ကြီးမှာအိပ်ပြီးတော့။ သုတ်လက်စတစ်ဘက်ကို အပေါ်ပိုင်းမှာပတ်လိုက်ကာ တီရှပ်နဲ့ဘောင်းဘီကိုမြန်မြန်ကောက်ဝတ်လိုက်ပြီး ငကူးအနောက်မှာနေရာဝင်ယူလိုက်သည်။