Unicode version
အဂျီ ၁၈
ဂျောင်ကုတို့အိမ်ရောက်နေတာ တစ်ပတ်နီးပါးရှိပြီဖြစ်ပြီး မိုးလင်းပေါက်ဂိမ်းဆော့ပြီးမှအိပ်တတ်ကြသည် နေ့လည်မှနိုးလာကြရင် အပြင်မှာပဲထွက်စားကာ ဆိုင်ကယ်စီးသင်ပေးသည့်လုပ်ငန်းစသည် ညနေစောင်းလောက်မှအဆာပြေတစ်ခုခုထပ်စားရင်း အိမ်ပြန်သည့်အခါရေမိုးချိုးပြီးဂိမ်းပြန်ဆော့ကြသည်။
ဂျောင်ကုအမေက ကျွန်တော့်ကိုမကြည်ဘူး။
သူ့သားက သူသွန်သင်ပေးခဲ့တုန်းကလက်မခံပါပဲ ကျွန်တော်နဲ့တွေ့မှပြောင်းလဲတာကို လက်မခံချင်ဘူး။
ဒါပေမယ့် ဂျောင်ကုငယ်ငယ်ထဲကစိတ်ဒဏ်ရာကြောင့်ကိုယ့်အသားကိုနာအောင်လုပ်တတ်ခဲ့ပြီး မေတ္တာငတ်စွာကြီးပြင်းလာတာတွေးမိတော့ သူတို့အပေါ်ကျွန်တော်စိတ်တိုမိသည်။
အရင်လိုဟင်းထည့်ပေးလဲငြိမ်နေလိုက်ပြီး ရေနွေးကိုလဲသူတို့ရှေ့မှာပဲသောက်ဖြစ်လာသည်။
ဒါမျက်နှာပြောင်တိုက်တာနဲ့တူတယ်မလား ကျွန်တော်ဖြစ်ချင်တာလဲအဲ့တာပဲ။ငကူး ဘာလုပ်လုပ်ကျွန်တော်လိုက်လုပ်ပေးမယ်။
သူစိတ်သက်သာရဖို့သူလုပ်ချင်တာလုပ်တဲ့အခါ နောက်ကနေအဖော်ဖြစ်ပေးပြီးတော့ ဂျောင်ကု စိတ်အခြေအနေမကောင်းရင် ဘေးမှာနေပေးခြင်းဖြင့် ကျွန်တော့်စိတ်ကိုပြမိတော့သည်။ဒါကိုဘေးကဟာလေးက မြင်ရောမြင်ရဲ့လား။
ထားပါတော့လေ ကြည့်သောသူမြင်၏တဲ့။
သူ့အမေတောင်ကြည့်တတ်လို့မြင်နေတာ ဒင်းကတော့စိတ်ထဲကိုကြည့်ဖို့မပြောနဲ့ မျက်လုံးချင်းတောင်ကြာကြာမကြည့်ဘူး။" ငဂျီ ငါဟိုးကမောင်းနေတဲ့ကားကိုကျော်ပြရမလား "
" ဟမ်! မလုပ်နဲ့ အေးဆေးနေပါကွာ "
" မင်းကကြောက်လို့လား "
" အေး မင်းထိခိုက်လိမ့်မယ် "
" ငါ့ကိုယုံလား "
" အင်း "
" အဲ့တာဆိုသေချာကိုင်ထား "
" ရားးးးးးးးးဂျွန်ဂျောင်ကု!!! "
လေသံတစ်ဝုန်းဝုန်းကြားက ဆိုင်ကယ်ဦးထုပ်တွေနဲ့မို့လှောင်အုပ်အုပ်အသံနဲ့တစ်ယောက်ကိုတစ်ယောက်အော်ပြောကြရသည့်အထဲ ဒီဟာလေးဘာစတန့်တွေထွင်ပြန်ပြီလဲမသိ။ ခါးကိုသာကျစ်ကျစ်ပါအောင်ကိုင်ရင်း ငယ်သံပါအောင်အော်မိလေခြင်း။