EP 33

6.5K 1K 148
                                    

Unicode version

အဂျီ ၃၃

" ကျွန်တော်မသောက်တတ်ဘူး "

" ငါလဲမသောက်တတ်ပါဘူး ချမ်းတဲ့ဒေသမို့လို့ ဆေးဖြစ်ဝါးဖြစ်သောက်ခိုင်းတာ "

ဇွတ်အတင်းလက်တွေကာကာငြင်းပြနေတော့ အရက်ခွက်ကိုင်ထားတဲ့ကိုယ့်ကိုကိုယ်မလုံချင်တော့။
မသိရင်ငါကပဲ အရက်ဂျိုးလိုလိုနဲ့။
ဖျားမှာစိုးလို့တိုက်တဲ့ဟာကို။

ထိုသို့ပြောမှလက်ထဲကိုခွက်ကိုယူကာ ရီကျဲကျဲလုပ်တော့သည်။
ဆောင်းတွင်းကအအေးလိုင်းဖြတ်သည်မို့ မီးလင်းဖိုမှမီးစာလှုံရင်းထိုင်နေခဲ့ကြသည်။

" မင်းအကြောင်းတွေပြောပြပါလား ဂျောင်ကု "

" ဘာသိချင်တာလဲ "

" အကုန်လုံးပဲ "

ငါမပါပဲဖြတ်သန်းခဲ့တဲ့ မင်းရဲ့နေ့ရက်တိုင်းကိုငါသိချင်တယ်။

ခွက်လေးကိုလက်နှစ်ဖက်နဲ့ကိုင်ကာ စဉ်းစားဟန်ပြုရင်း မျက်လုံးလေးထောင့်ကပ်လိုက်သေးသည်။

" ကျွန်တော်ကတစ်ဦးတည်းသောသား။ မြို့ပြမှာမွေးပြီးကြီးလာတယ်။ ပြီးတော့ကားတိုက်မှုတစ်ခုကြောင့် ဆေးရုံမှာရက်ရှည်မေ့နေခဲ့တယ်။ ပြီးတော့...သတိရလာတယ် အဲ့တာနဲ့ကျောင်းပြန်တက်ပြီးအလုပ်လုပ်နေတယ် အဲ့တာပဲ "

" မင်းကိုဘယ်သူပြောပြတာလဲ "

" မေမေ။ မေမေပြောပြတာ "

ကျွန်တော်တစ်ချက်ပြုံးလိုက်မိသည်။

" သတိမရတော့တဲ့အတိတ်မှာ ဘာကိုနောင်တအရဆုံးဖြစ်မယ်ထင်လဲ "

ခေါင်းခါပြသည်။ ပြီးတော့ပြုံးပြသည်။
မီးလင်းဖိုကအဝါရောင်မီးကြောင့် သူ့မျက်လုံးထဲမျက်ရည်စတစ်ချို့ကပေါ်လွင်စေ၏

" ဘာတွေဖြစ်ခဲ့မှန်းလဲကျွန်တော်မသိဘူး ဘယ်သူတွေရှိခဲ့မှန်းလဲကျွန်တော်မသိဘူး ဆေးရုံမှာနိုးလာတဲ့နေ့ကစပြီးကျွန်တော်က သူများပြောပြမှသိရတဲ့အတိတ်နဲ့ပဲဆက်ပြီးရှင်သန်ခဲ့ရတယ် ဒါပေမယ့်တွေးမိတာရှိတယ် သူတို့ပြောပြနေတဲ့ကျွန်တော့ဘဝက အစစ်အမှန်မဟုတ်သလိုပဲ။
ကျွန်တော်တစ်ကယ်ပဲ အဲ့ဒီမိသားစုကလား အဲ့ဒီအရပ်ဒေသမှာရှင်သန်ကြီးပြင်းခဲ့တာလားလို့တော့ အမြဲစဉ်းစားဖြစ်တယ် အံဝင်ဂွင်ကျဖြစ်မနေဘူးလေ "

" A Ji "Where stories live. Discover now