Unicode version
အဂျီ ၁၀
" အားလုံးပဲ သတင်းထူးနော် ဂျီမင်နဲ့အွန်ဆော့ အတွဲတွေဖြစ်သွားကြပြီ "
အခန်းထဲသို့ ဝင်လာတဲ့ဆဲဗြောတို့အဖွဲ့က အော်ဟစ်ကာသတင်းထူးလုပ်ပြီးဖြန့်ကြတော့ တစ်ခန်းလုံးရဲ့အားကျရခြင်းကို အဂျီကလက်ခံရရှိသည်။ အွန်ဆော့ဆိုတာ တစ်ကျောင်းလုံးက အလှဆုံးမိန်းကလေးလို့ပြောလို့ရသည်မို့ မိန်းကလေးတွေရဲ့အသဲကျော် အဂျီကောင်နဲ့တွဲတာ သတင်းထူးလဲထူးချင်စရာပါပဲ။
ဘေးမှာထိုင်ကာ အောင်နိုင်သူအပြုံးပြုံးပြနေတဲ့ အဂျီ့ကိုတစ်ချက်ငဲ့ကြည့်လိုက်ရင်း ဂျောင်ကုအကြောင်းပြချက်မရှိ လိုက်ပြုံးမိသည်။" ကူး ငါ့ကိုဂုဏ်ပြုပေးလေ "
" ဂုဏ်ယူပါတယ် "
အေးအေးသက်သာ ပြောနေနိုင်သည့်ဂျောင်ကုကြောင့် ဂျီမင်ဒေါသထွက်သလိုခံစားလိုက်ရသည်။ ဒီလိုမျိုးဖြစ်စေချင်လို့ ကူး ကိုဂုဏ်ပြုစကားပြောခိုင်းတာပဲမလား ဘာလို့စိတ်တိုနေရတာလဲ။
" အွန်ဆော့နဲ့ညနေ တူတူပြန်မှာ အဆင်ပြေလား "
" မင်းတို့ဘာသာပြန်တာ ငါကဘာကိုအဆင်မပြေဖြစ်ရမှာလဲ "
" မင်းနေရခက်မှာစိုးလို့လေ မကြိုက်ရင်ဘယ်လိုလုပ်မလဲ "
" ငါကသူနဲ့အတူမပြန်နဲ့လို့ပြောရင် မင်းလက်ခံမှာလား "
" အင်း "
စာသင်ခန်းရဲ့နောက်ဆုံးခုံက ကျွန်တော်တို့နှစ်ယောက် အကြည့်ချင်းထပ်ဆုံမိကြပြန်သည်။ ဒီရက်ပိုင်း ကျွန်တော်တို့အကြည့်ချင်းလဲဆုံဖြစ်ကြသလို ဘာမှမပြောပဲလဲငေးကြည့်နေမိတတ်လာကြသည်။ ဒါဘာသဘောလဲ ပြီးတော့အားလုံးကိုသိထားပါပြီလို့ထင်ထားတဲ့ အဂျီ့အကြည့်တွေကို အဖြေမရှာတတ်ခဲ့ဘူး။
သေချာတာတစ်ခုက ကျွန်တော်တို့ကြားထဲက အကွာအဝေးကပိုကြီးလာနေပြီဆိုတာပဲ။" ပြောလေ မင်းအဆင်မပြေဘူးမလား "
" မဟုတ်ဘူးအဂျီ မင်းနဲ့မင်းကောင်မလေးတူတူပြန်တာကို ငါ့မှာတားပိုင်ခွင့်မရှိဘူး ငါစည်းမကျော်ချင်ဘူး "